
Postpaid Plans
Enjoy up to 1,000GB 5G data with our new U Postpaid plans. Check it out now!
1. ဤဒေတာ ဝန်ဆောင်မှု (“ဝန်ဆောင်မှု”) ကို ကျွန်ုပ်တို့၏ မှတ်ပုံတင်ခြင်း ပုံစံရှိ ဝန်ဆောင်မှု စည်းကမ်းချက်များ အရ ထောက်ပံ့ထားခြင်း ဖြစ်သည်။ သင့်အနေဖြင့် ကျွန်ုပ်တို့၏ မျှတစွာ သုံးစွဲမှု မူဝါဒနှင့် ဤစည်းကမ်းချက်များနှင့် အခြေအနေများ (စုပေါင်း၍၊ “စည်းကမ်းချက်များ”) အပါအဝင် ဝန်ဆောင်မှုစည်းကမ်းချက်များကို လိုက်နာရမည် ဖြစ်သည်။
2. သင်သည် တစ်ကြိမ်လျှင် တစ်ခုတည်းသော ဒေတာအစီအစဉ်အဖြစ်သာ ဤဝန်ဆောင်မှုတွင် စာရင်းသွင်းနိုင်ပါသည်။
3. ဤဝန်ဆောင်မှုသည် အင်တာနက်နှင့် ဆက်စပ်ဝန်ဆောင်မှုများကို ကျွန်ုပ်တို့၏ 3G/4G ကွန်ရက်မှတစ်ဆင့်သာ ရယူသုံးစွဲခွင့်ကို ပံ့ပိုးထားသော ဒေတာဝန်ဆောင်မှုတစ်ခု ဖြစ်ပြီး ကျွန်ုပ်တို့၏ 3G/4G ကွန်ရက်မိသည့် ဧရိယာအတွင်းရှိ အသုံးပြုသူများကသာ ရယူအသုံးပြုနိုင်ပါသည်။ ဤဝန်ဆောင်မှုသည် ကွန်ရက်ကန့်သတ်ချက်များနှင့် ရရှိနိုင်မှုနှင့် စက်၏ စွမ်းဆောင်နိုင်မှုတို့အရ ပြောင်းလဲပါသည်။ သင်သည် ကျွန်ုပ်တို့၏ 3G/4G ကွန်ရက်မိသည့် ဧရိယာပြင်ပရှိ အင်တာနက်ဖြင့် ဤဝန်ဆောင်မှုကို ချိတ်ဆက် အသုံးမပြုနိုင်ပါ။ လိုင်းမိသည့်နေရာနှင့်ပတ်သက်သော အချက်အလက်များအတွက် www.u.com.my သို့ သွားရောက် ကြည့်ရှုပါ။
4. သင်၏ ဝယ်ယူထားသော အစီအစဉ်ကို အခြေခံပြီး သင်၏ အမှန်တကယ် ဒေါင်းလုဒ်အမြန်နှုန်းနှင့် ဒေတာ မြန်နှုန်းသည် သင်အသုံးပြုရာနေရာနှင့် ကျွန်ုပ်တို့၏ မိုဘိုင်းတာဝါတိုင် အကွာအဝေး၊ ကျွန်ုပ်တို့၏ မိုဘိုင်းတာဝါတိုင်၏ စွမ်းဆောင်ရည်၊ သင်၏ ဒေါင်းလုပ်လုပ်သည့် ရင်းမြစ်၊ သင်၏ ဟန်းဆက် အမျိုးအစားနှင့် အရည်အသွေး၊ သင်၏ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲနှင့် ယေဘုယျ အင်တာနက် လိုင်းအခြေအနေတို့ အပြင် ဖော်ပြမထားသော အခြားအကြောင်းအရာများကြောင့် ကွဲပြားနိုင်၊ ပို၍နှေးကွေးနိုင်ပြီး ၎င်းတို့ကြောင့် အကျိုးသက်ရောက်မှု ရှိနိုင်ပါသည်။
5. သင်သည် အဆိုပါ ဝန်ဆောင်မှုကို သင်၏ တစ်ကိုယ်ရေသုံး ကွန်ပျူတာ သို့မဟုတ် လက်ပ်တော့ပ်တွင် အသုံးပြုနေပါက၊ ကျွန်ုပ်တို့၏ 3G/4G ကွန်ရက်အသုံးပြုမှုအတွက် ခွင့်ပြုထားသော 3G/4G အင်တာနက် ချိတ်ဆက်အသုံးပြုရသည့် မိုဒမ်းတစ်ခု လိုအပ်ပါမည်။ သင်သည် အဆိုပါဝန်ဆောင်မှုကို သင်၏ ဟန်းဆက် သို့မဟုတ် မိုဘိုင်းကိရိယာတွင် အသုံးပြုပါက၊ 3G/4G အသုံးပြုနိုင်ရန် သီးသန့်စီမံလုပ်ဆောင်ထားသော တွဲဖက်သုံးနိုင်သည့် ဟန်းဆက် သို့မဟုတ် မိုဘိုင်းကိရိယာ တစ်ခု လိုအပ်သည်။
6. သင်၏ ဒေတာအစီအစဉ်ကို စတင်အသုံးပြုသည်နှင့်၊ ထိုအစီအစဉ်သည် သင်၏ ဒေတာ ခွင့်ပြုပမာဏ သက်တမ်းကုန်ဆုံးသွားသည်အထိ ဖြစ်စေ၊ အကုန်သုံးပြီးသည်အထိဖြစ်စေ အရင်ဖြစ်ပျက်သည့် အချိန်အထိ ဆက်လက်အသုံးပြုနိုင်သည်။ သင်သည် သင်၏ ဒေတာ အစီအစဉ်ကို ရပ်စဲ၍ မရပါ။ စတင်အသုံးပြုသည့် အချိန်မှစ၍ သင်၏ ဒေတာအစီအစဉ် သက်တမ်းကုန်ဆုံးရက်ကို တိုင်းတာပါသည်။
7. သင်၏ ဒေတာအစီအစဉ် သက်တမ်းကုန်ဆုံးသွားပါက၊ သင်၏ အသုံးမပြုရသေးသော ဒေတာ ခွင့်ပြုပမာဏကို ဆက်လက် အသုံးမပြုနိုင်ဘဲ ပျက်ပြယ်သွားမည် ဖြစ်သည်။ သက်တမ်းကုန်ဆုံးသွားသည်နှင့် (စာရင်းသွင်းသူက အလိုအလျောက် သက်တမ်းတိုးလျှောက်ထားရန် မရွေးချယ်ပါက)၊ သင်၏ ဒေတာ အစီအစဉ်ကို ပြောင်းလဲခြင်း မပြုပါက ဒေတာဆက်လက်အသုံးပြုမှုမှန်သမျှကို 1 MB လျှင် RM0.20 နှုန်းဖြင့် (1MB တစ်ဖြတ်စာ သို့မဟုတ် အသုံးပြုမှု တစ်ခုအတွက် ပေးပို့ သို့မဟုတ် လက်ခံရရှိလာသော တစ်ဖြတ်စာအတွက်) ကောက်ခံသွားမည် ဖြစ်သည်။ သင်သည် သင်၏ ဒေတာ အစီအစဉ်ကို ပြောင်းလဲလိုက်ပါက၊ ထိုဒေတာအစီအစဉ်နှင့် သက်ဆိုင်သော ဒေတာ ကျသင့်မှုများအတိုင်း ကောက်ခံသွားမည် ဖြစ်သည်။
8. သင်၏ ဝယ်ယူထားသော အစီအစဉ်သည် အကန့်အသတ်မဲ့ ဒေတာ ဖြစ်ပါက၊ သင်သည် ကျွန်ုပ်တို့၏ မျှတစွာ သုံးစွဲမှု မူဝါဒကို ဆက်လက်လိုက်နာရမည် ဖြစ်ပြီး သင်၏ စုစုပေါင်း တစ်လလျှင် ဒေါင်းလုဒ်နှင့် အက်ပ်လုဒ် အသုံးပြုမှု ပမာဏသည် သတ်မှတ်ထားသော မြန်နှုန်းမြင့် ဒေတာ ပမာဏ သို့မဟုတ် ကျွန်ုပ်တို့၏ မျှတစွာသုံးစွဲမှု မူဝါဒတွင် ဖော်ပြထားသော အခြားသော ယင်းကဲ့သို့ ပမာဏကို ကျော်လွန်သွားပါက၊ ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ လုပ်ပိုင်ခွင့် အပြည့်အဝဖြင့် သင်၏ လိုင်းဆွဲအားကို စီမံခြင်း၊ ကန့်သတ်ချက်မရှိ သင်၏ မြန်နှုန်းကို လျှော့ချခြင်း အပါအဝင် ဝန်ဆောင်မှုကို ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်စဲခြင်းတို့ကို ပြုလုပ်နိုင်သည်။
9. ဒေတာ အသုံးပြုမှုကို KB ပမာဏ တိုးဖြင့် ရေတွက်မည် ဖြစ်သည်။ ဒေတာမဟုတ်သော အသုံးပြုမှု (ကွန်ရက်ပြင်ပနှင့် နိုင်ငံတကာ ဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှုများ အပါအဝင် ဖုန်းခေါ်ဆိုမှု၊ SMS/MMS ပေးပို့မှု၊ ဗီဒီယိုခေါ်ဆိုမှုများနှင့် အကြောင်းအရာ စာရင်းသွင်းမှု ဝန်ဆောင်မှုများ) အတွက် သင်၏ ဝယ်ယူထားသော အစီအစဉ်တွင် ထည့်သွင်းမည် မဟုတ်ဘဲ သတ်မှတ်နှုန်းထားများ အတိုင်း သီးခြား ကောက်ခံသွားမည် ဖြစ်သည်။
10. သင်သည် သင်၏ လက်ရှိဒေတာ အစီအစဉ် သက်တမ်းကုန်ဆုံးသွားချိန် သို့မဟုတ် သင်၏ ဒေတာ ခွင့်ပြုပမာဏကို အကုန်အသုံးပြုပြီးသွားချိန်မှသာ ဒေတာ အစီအစဉ်ကို ပြောင်းလဲနိုင်သည်။ သင့်အနေဖြင့် ဒေတာအစီအစဉ်အသစ်၏ စည်းကမ်းချက်များနှင့် အခြေအနေများကို လက်ခံရမည် ဖြစ်သည်။
11. သင်သည် သင်၏ ကိုယ်ပိုင် ဒေတာ အသုံးပြုမှုကို စောင့်ကြည့်ထိန်းချုပ်ရန် တာဝန်ရှိပါသည်။ သင်၏ ဒေတာခွင့်ပြုပမာဏ လက်ကျန်ကို စစ်ဆေးနိုင်ရန် ပြုလုပ်ပေဒထားသော သုံးစွဲမှုတိုင်းတာသည့် မီတာမှန်သမျှသည် သင် အဆင်ပြေစေရန် ပံ့ပိုးထားခြင်း ဖြစ်သည်။ သုံးစွဲမှု တိုင်းတာသည့် မီတာတွင် ပြသထားသည် သုံးစွဲမှုသည် ညွှန်ပြချက်တစ်ခုသာ ဖြစ်ပြီး အမှန်တကယ် ပမာဏ မဟုတ်ပါ။
12. သင်သည် ဝန်ဆောင်မှုနှင့် ချိတ်ဆက်ရန် ကျွန်ုပ်တို့က ညွှန်ကြားထားသော အနိမ့်ဆုံး စနစ်လိုအပ်ချက်များနှင့် ကိုက်ညီရမည် ဖြစ်သည်။ ဝန်ဆောင်မှုကို သင် အသုံးပြုမှုသည် သင်အသုံးပြုသော ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲပေါ်တွင် မူတည်သည်။ ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ USIM သို့မဟုတ် ဝန်ဆောင်မှုသည် သင်၏ ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲတို့နှင့် ကိုက်ညီမှုရှိသည်ဆိုသော ကိုယ်စားပြုမှု သို့မဟုတ် အာမခံမှု တစ်စုံတစ်ရာကိုမျှ ပြုလုပ်မည် မဟုတ်ပါ။
13. အကောင့်ပိုင်ရှင် တစ်ယောက်ဖြစ်လာရန် သင်သည် အသက် 18 နှစ်အထက် ဖြစ်ရမည် ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ဤဝန်ဆောင်မှုမှတစ်ဆင့် ရရှိလာနိုင်သော အင်တာနက် အကြောင်းအရာ တစ်စုံတစ်ရာအတွက် တာဝန်ယူမည် မဟုတ်ပါ။ ဤဝန်ဆောင်မှုနှင့်အတူ အသုံးပြုထားသော ဆော့ဖ်ဝဲသည် လိုင်စင်ရရှိထားပြီးဖြစ်ကြောင်း သေချာစေရမည်။ သင်သည် ဝန်ဆောင်မှုကို အခြားပြင်ပ ပုဂ္ဂိုလ်တစ်ဦးထံ ပြန်လည်ရောင်းချခြင်း၊ ဝေမျှခြင်း သို့မဟုတ် ဖြန့်ဝေခြင်းကို မပြုလုပ်ရပါ။
14. သင်သည် သဘောတူညီချက်ကို လိုက်နာမှုရှိသည်ကို သေချာစေရန် ကျွန်ုပ်တို့အနေဖြင့် သင်၏အကောင့်ကို စောင့်ကြည့်နိုင်ပါသည်။ ဝန်ဆောင်မှုအား အလွဲသုံးစား ပြုပါက စုံစမ်းစစ်ဆေးသွားမည် ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် သင်သည် ဝန်ဆောင်မှုကို အလွဲသုံးစားပြုလုပ်ထားကြောင်း တွေ့ရှိရပါက၊ အလွဲသုံးစားပြုမှုကို စုံစမ်းစစ်ဆေးရန် ကုန်ကျစရိတ်များနှင့် သင်၏ အလွဲသုံးစားပြုမှု ရလဒ်တစ်ခုအဖြစ် အခြား အသုံးပြုသူထံ ပေးချေရန် လိုအပ်သော နစ်နာကြေးများကို သင့်ထံမှ ပြန်လည်ရယူသွားမည် ဖြစ်သည်။
15. ကျွန်ုပ်တို့အနေဖြင့် အခကြေးငွေများအပါအဝင် ဤစည်းကမ်းချက်များကို ပြင်ဆင်မွမ်းမံခွင့် သို့မဟုတ် ပြောင်းလဲခွင့်ကို ထိန်းသိမ်းထားသည်။
16. အတိအကျ ဖော်ပြထားခြင်း မရှိပါက ဤကမ်းလှမ်းချက်ကို အခြား ဝန်ဆောင်မှုများနှင့် ပေါင်းစပ်အသုံးပြုနိုင်မည် မဟုတ်ပါ။
17. ဤဝန်ဆောင်မှု ကမ်းလှမ်းချက်ကို ကျွန်ုပ်တို့က မရုပ်သိမ်းမချင်း ရရှိနိုင်ပါသည်။
If you require further assistance, you can get in touch with us via the following channels.
MyUMobile App
Reach out to us through the MyUMobile App.
Drop us your message on Messenger.
Tweet us your enquiries and we will get back to you as soon as we can!
{{deviceBrand}}
{{deviceModel}}
{{deviceBrand}}
{{deviceModel}}