
Preorder iPhone 15 Pro and iPhone 15 Family
Get the latest iPhone 15 series with Unbeatable 5G U Postpaid plans, from now till 28 September 2023. Pre-order yours at U Mobile today!
အထွေထွေ
1. GX12 နှင့် GX30 ဆိုပြီး Giler အကန့်အသတ်မဲ့ ငွေကြိုပေး အစီအစဉ်များ (2) မျိုး ရှိပါတယ် (နှစ်ခုပေါင်းကို “အစီအစဉ်များ” ဟု ခေါ်ပြီး တစ်ခုချင်းကို “အစီအစဉ်” ဟု ခေါ်ပါသည်)။ အောက်ပါဇယားတွင် အစီအစဉ်များ၏ အသေးစိတ်ကို ဖော်ပြထားပါသည်။
အစီအစဉ် | တန်ဖိုး | အင်တာနက်ကိုယ်တာ | ဖုန်းကိုယ်တာ | သက်တမ်း | အလိုအလျောက် အသစ်ပြန်စ |
---|---|---|---|---|---|
GX12 | RM12 | အကန့်အသတ်မဲ့ | အကန့်အသတ်မဲ့ | 7 ရက် | ဟုတ်ပါသည် |
GX30 | RM30 | အကန့်အသတ်မဲ့ | အကျုံးမဝင် | 30 ရက် | ဟုတ်ပါသည် |
2. အစီအစသ်များကို U Mobile ငွေကြိုးပေး သုံးစွဲသူများအတွက်သာ ရနိုင်ပြီး U Broadband သုံးသူးများအတွက် အကျုံးမဝင်ပါ။
3. အစီအစဉ်များကို အခြားမိုဘိုင်းနံပါတ်သို့ မလွှဲပြောင်းနိုင်ပါ။
4. အစီအစဉ် တစ်ခုချင်းစီကို U Mobile ငွေကြိုပေး သတ်မှတ်ချက်နှင့် စည်းကမ်းများအတိုင်း စီစဉ်ထားပါသည်။ သင်သည် မျှတစွာသုံးခြင်း မူဝါဒ၊ ကိုယ်ရေးကိုယ်တာ မူဝါဒနှင့် အဆိုပါ နောက်ထပ် သတ်မှတ်ချက်နှင့် စည်းကမ်းများ (စုပေါင်းပြီး “သတ်မှတ်ချက်များ” ဟု ခေါ်ပါသည်) ကို လိုက်နာရမည်ဖြစ်ပြီး ထိုသတ်မှတ်ချက် အားလုံးကို www.u.com.my တွင် လေ့လာနိုင်ပါသည်။
5. ကျွန်ုပ်တို့တွင် နှုန်းထားများ အပါအဝင် အစီအစဉ်များ ရပ်ဆိုင်းခြင်း၊ ပြင်ဆင်ခြင်း၊ ယခုသတ်မှတ်ချက်များ ပြင်ဆင်ခြင်းကို ပြုလုပ်ခွင့် ရှိပါသည်။
6. အစီအစဉ်များကို သီးခြားဖော်ပြထားခြင်း မရှိပါက ပေါင်းစဥည်းမှု မပြုနိုင်ပါ။
စတင်သုံးခြင်းနှင့် နှုန်းထားများ
1. သင့်ဖုန်းတွင် အစီအစသ် တစ်ခုစီကို စတင်သုံးနိုင်ပါသည်-
a. MyUMobile App ၏ Add-on မှတစ်ဆင့် သို့မဟုတ်
b. *118# သို့ ခေါ်ပြီး၊ သို့မဟုတ်
c. 28118 သို့ အောက်ပါ စာသားများကို SMS ပို့ပြီး-
အစီအစဉ် | စာသား |
---|---|
GX12 | ON GX12 |
GX30 | ON GX30 |
SMS တစ်စောင်ပို့လျှင် RM0.05 ကျသင့်ပါမည်။
2. စတင်သုံးခြင်း မပြုမီနှင့် သင့်လျှောက်ထားမှုကို အသစ်ပြန်မလုပ်မီ သင့်တွင် အောက်ဖော်ပြပါ အစီအစဉ်အလိုက် အနည်းဆုံး ခရစ်ဒစ်လက်ကျန် ရှိနေရပါမည်-
အစီအစဉ် | အနည်းဆုံး ခရက်ဒစ် လက်ကျန် |
---|---|
GX12 | RM12 |
GX30 | RM30 |
3. အစီအစဉ်များအလိုက် ကျင်သင့်သော စတင်အသုံးပြုခမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
အစီအစဉ် | စတင်အသုံးပြုခ |
---|---|
GX12 | RM12 |
GX30 | RM30 |
4. စတင်အသုံးပြုခြင်းအား သင်မှသိရှိခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ သင်လျှောက်ထားသော အစီအစဉ်ကိုလိုက်ပြီး သက်ဆိုင်ရာ စတင်အသုံးပြုကြေးကို သင့်ခရက်ဒစ်လက်ကျန်ထဲမှ ဖြတ်တောက်ပါမည်။ ခရက်ဒစ် ပြန်လည်ပေးရန် တောင်းဆိုမှုများကို ခွင့်မပြုပါ။
5. သက်တမ်းမှာ စတင်အသုံးပြုသည်မှ 7 ရက် (GX12 အတွက်) နှင့် 30 ရက် (GX30 အတွက်) ဖြစ်သည်။ သက်တမ်းကုန်သွားပါက သင့်တွင် စာပိုဒ် 2 (စတင်သုံးခြင်းနှင့် နှုန်းထားများ) တွင် ဖော်ပြထားသကဲ့သို့ အနည်းဆုံး ခရက်ဒစ်လက်ကျန် ရှိမှသာ သင့်လျှောက်ထားမှုကို အလိုအလျောက် ဆက်သွားပါမည်။
6. သင့်တွင် ငွေလက်ကျန် မလောက်သဖြင့် သင့်လျှောက်ထားမှုကို အလိုအလျောက် အသစ်ပြန်မလုပ်နိုင်ပါက သင့်လျှောက်ထားမှုကို အသစ်ပြန်မလုပ်ပါ။
7. သင့် ဘယ်လောက်များများ သင့်စိတ်တိုင်းကျ စတင်သုံးနိုင်ပါသည်။ မသုံးဖြစ်သော ဒေတာများကို အစီအစဉ် အသစ်ပြန်စချိန်တွင် ဆုံးရှုံးပါမည်။
8. အစီအစဉ်ကို ရပ်ဆိုင်းလိုပါက၊ နှုတ်ထွက်ခြင်းပြုလုပ်ရန်
a. UMB မှ *118# သို့မဟုတ်
b. SMS ဖြင့် “OFF GX12” သို့မဟုတ် “OFF GX30” ကို 28118 သို့ ပို့ပါ။ SMS တစ်စောင်လျှင် RM0.05 ကျသင့်ပါမည်။
9. အစီအစဉ် ရပ်ဆိုင်းသောအခါ မသုံးဖြစ်သော ဒေတာများကို ဆုံးရှုံးပါမည်။ နောက်ထပ် ဒေတာများကို သက်ဆိုင်ရာ ငွေကြိုပေးအစီအစဉ်၏ နှုန်းထားအလိုက် ကောက်ခံသွားပါမည်။
ဒေတာ ဝန်ဆောင်မှု
1. အစီအစဉ်များကို လျှောက်ထားခြင်းဖြင့် အကန့်အသတ်မဲ့ ဒေတာများနှင့် အင်တာနက်မြန်နှုန်း 3Mbps အထိ ရရှိပါမည်။ အစီအစဉ်များတွင် အကန့်အသတ်မဲ့ အင်တာနက် ဗီဒီယိုနှင့် တေးဂီတကို ပုံမှန်အရည်အသွေးဖြင့် ကြည့်ရှုနားဆင်ခြင်း ပါဝင်ပါသည်။
2. သင့်အား သီးခြား 1GB (GX12 အတွက်) နှင့် 3GB (GX30 အတွက်) ဒတာများကို မိုဘိုင်း ဟော့စပေါ့ဝိုင်ဖိုင်အတွက် ပေးထားပါသည်။ ကိုယ်တာ ကုန်သွားပါက ဒေတာအမြန်နှုန်းကို စီမံမှု ပြုပါမည်။
3. Hotspot Booster သည် စာပိုဒ် 2 တင် ဖော်ပြာထးသော လစဉ် ဒေတာကိုယ်တာအပေါ်တွင် အပိုထပ်ဆောင်ပေးထားသော မိုဘိုင်းဟော့စပေါ့ဝိုင်ဖိုင် အတွက် ထပ်ဆောင်း ဝန်ဆောင်မှု ဖြစ်ပါသည်။ Hotspot Booster အား အစီအစဉ်များဖြင့်သာ လျှောက်ထားနိုင်ပြီး အခြားသော U Mobile ဒေတာ အစီအစဉ်များဖြင့် မရယူနိုင်ပါ။ Hotspot Booster ၏ သက်တမ်းမှာ စတင်လျှောက်ထားသည်မှ 3 ရက် ဖြစ်ပါသည်။ သင်သည် Hotspot Booster ကို လျှောက်ထားပါက သင်၏ နှုန်းထား သို့မဟုတ် ဒေတာအစီအစဉ်ကို ပြောင်းသောအခါတွင် Hotspot Booster မှ မသုံးဖြစ်သော ကိုယ်တာနှင့် အကျုံးဝင်မှုကို ပြည်လည်အစားမပေးဘဲ ဆုံးရှုံးရမည်ဖြစ်ပြီး သင်၏ နှုန်းထား သို့မဟုတ် ဒေတာအစီအစဉ် အသစ်တွင် ပါလာတော့မည် မဟုတ်ပါ။
4. Turbo Booster သည် စာပိုဒ် 1 ပါ အင်တာနက်မြန်နှုန်းကို မြှင့်ပေးသော ထပ်ဆောင်းဝန်ဆောင်မှု ဖြစ်ပါသည်။ Turbo Booster အား သင့်အစီအစဉ်များဖြင့် လျှောက်ထားနိုင်ပြီး အခြားသော U Mobile ဒေတာအစီအစဉ်များတွင် မရနိုင်ပါ။ Turbo Booster သက်တမ်းမှာ စတင်သည်မှ 1 ရက် ဖြစ်ပါသည်။ လျှောက်ထားမှုသည် သင်၏ အစီအစဉ်များ လျှောက်ထားမှုအပေါ် အပိုဒေတာ မပေးပါ။ သင်သည် Turbo Booster ကို လျှောက်ထားပြီး သင်၏ နှုန်းထား သို့မဟုတ် ဒေတာအစီအစဉ်ကို ပြောင်းပါက မသုံးဖြစ်သော Turbo Booster မှ မသုံးဖြစ်သော အကျုံးဝင်မှုကို ကို ပြည်လည်အစားမပေးဘဲ ဆုံးရှုံးရမည်ဖြစ်ပြီး သင်၏ နှုန်းထား သို့မဟုတ် ဒေတာအစီအစဉ် အသစ်တွင် ပါလာတော့မည် မဟုတ်ပါ။
5. သီးသန့် (P2) သုံးခြင်းသည် 64kbps အထိ ဖြစ်ပါသည်။
6. မိုဘိုင်းမဟုတ်သော ဟော့စပေါ့ အသုံးပြုခြင်းအတွက် အစီအစဉ်များကို စမတ်ဖုန်းမှ တစ်ဆင့်သာ သုံးနိုင်ပြီး MiFi နှင့် USB ဝိုဖိုင်ဖမ်းစက်များ မသုံးနိုင်ပါ။ U Mobile အနေဖြင့် အစီအစဉ်များအတွက် စက်ပစ္စည်း လိုအပ်ချက်ကို အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
7. U Mobile သည် သင့်အနေဖြင့် သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်သည်ဟု တွေ့ရပါက အစီအစဉ်များကို သင့်အားကြိုတင်အသိမပေးဘဲ ရပ်ဆိုင်းခွင့် အပြည့်အဝရှိပါသည်။
8. ဒေတာဝန်ဆောင်မှုသည် ကွန်ယက်အကန့်အသတ်များနှင့် သုံးသည့်စက်၏ စွမ်းဆောင်မှုအပေါ် မူတည်ပါသည်။ သင်၏ အမှန်တကယ် ဒေါင်းလုပ် အမြန်နှုန်းနှင့် ဒေတာသည် ပြောင်းလဲနိုင်ခြင်း၊ မြန်နှုန်းလျော့နိုင်ခြင်းတို့သည် မိုဘိုင်းတာဝါမှ အကွာအဝေး၊ မိုဘိုင်းတာဝါတိုင် စွမ်းဆောင်မှု၊ သင်ဒေါင်းလုပ်သည့်ဆိုက်၊ သင့်ဖုန်းအမျိုးအစားနှင့် အရည်အသွေး၊ အင်တာနက် သုံးစွဲသူပမာဏနှင့် ဖြန့်ကျက်နိုင်မှု စသည်တို့ကြောင့် ပြောင်းလဲနိုင်ပါသည်။
9. အင်တာနက် လိုင်းမမိပါက ပုံမှန် (ဟေ့စပေါ့မဟုတ်) ဒေတာ အသံးပြုမှုကို သင့် မိုဘိုင်း ဟော့စပေါ့ဒေတာမှ ဖြတ်သွားပါမည်။ သင်မှ ထို ဖြစ်နိုင်ခြေများကို သိရှိကာ ကျွန်ုပ်တို့တွင် တာဝန်မရှိသည်ကို သဘောတူပါသည်။
အသံ ဝန်ဆောင်မှု
1. အသံဝန်ဆောင်မှုများကို ပြည်တွင်းမိုဘိုင်း၊ ပြည်တွင်း ကွန်ယက်နှင့် ကွန်ယက်ပြင်ပ အသုံးပြုမှုများအတွက် အကျုံးဝင်ပြီး ဗီဒီယိုခေါ်ခြင်း၊ MMS, ပည်ပတိုက်ရိုက်ခေါ် (IDD), ပြည်ပတွင်သုံးခြင်း၊ အသံမေးလ် (1311) သို့မဟုတ် အထူးနံပါတ်များ/ ပရီမီယံ နံပါတ်များ (ဥပမာ 1300 / 1500 / 1508 / 1600 / 1700 / 1900 / 103, 800 & 15999) သို့ ခေါ်ခြင်း၊ စင်ကာပူသို့ နယ်စပ်မှခေါ်သည့် 02 နှင့်စသော နံပါတ်များ၊ ဘရူနိုင်းသို့ နယ်စပ်မှခေါ်သည့် 080 နှင့် စသည့်နံပါတ်များ မပါဝင်ပါ။
2. သင်သည် အသံဝန်ဆောင်မှုအား နေ့စဉ် ပုံမှန် ဖုန်းအသုံးပြုမှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့်သာ သုံးရမည်ဖြစ်ပြီး စီးပွားရေးအတွက် မသုံးနိုင်ပါ။ မျှတစွာသုံးစွဲမှု မူဝါဒအရ၊ အစီအစဉ်အား
3. သင်သည် သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်ပါက ကျွန်ုပ်တို့၏ လုပ်ပိုင်ခွင့်များအရ သင်၏ အစီအစဉ်များကို ရပ်ဆိုင်းမည်ဖြစ်ပြီး မသုံးရသေးသော ခရက်ဒစ်လက်ကျန်များ ဆုံးရှုံးပါမည်။
Version: 13 August 2019
If you require further assistance, you can get in touch with us via the following channels.
MyUMobile App
Reach out to us through the MyUMobile App.
Drop us your message on Messenger.
Tweet us your enquiries and we will get back to you as soon as we can!
{{deviceBrand}}
{{deviceModel}}
{{deviceBrand}}
{{deviceModel}}