
iPhone 15 Pro
Unbeatable savings & flexibility with your iPhone 15 Pro via Unbeatable 5G U Postpaid plans. Enjoy 0% instalment with U PayLater. Sign up today!
အထွေထွေ
1. GX30 သည် ဒေတာအတွက် 30-ရက် စုပေါင်းဝန်ဆောင်မှု ဖြစ်ပါသည် (“GX30 အစီအစဉ်”)။
2. အစီအစဉ်သည် U Mobile ငွေကြိုပေး သုံးစွဲသူများအတွက်သာဖြစ်ပြီး - U Broadband သုံးစွဲသူများအတွက် မဟုတ်ပါ။
3. အစီအစဉ်အား အခြားဖုန်းနံပါတ်သို့ မလွှဲပြောင်းနိုင်ပါ။
4. အစီအစဉ်အား U Mobile ငွေကြိုပေး သတ်မှတ်ချက်နှင့် အခြေအနေများအတိုင်း ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။ သင်သည် မျှတစွာသုံးစွဲမှုမူဝါဒ၊ ကိုယ်ရေးကိုယ်တာမူဝါဒနှင့် ယခုသတ်မှတ်ချက်နှင့် အခြေအနေများ (အတိုကောက် “သတ်မှတ်ချက်များ”) ကို လိုက်နာရမည်ဖြစ်ပြီး ၎င်းတို့အားလုံးကို www.u.com.my တွင် လေ့လာနိုင်ပါသည်။
5. ကျွန်ုပ်တို့တွင် နှုန်းထားများအပါအဝင် အဆိုပါ သတ်မှတ်ချက်များကို ပြင်ဆင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ခွင့် ရှိပါသည်။
6. သီးခြား မဖော်ပြထားပါက အစီအစဉ်အား အခြားအထူးအစီအစဉ်များနှင့် ပေါင်းစပ်ခွင့် မပြုပါ။
ပထမအကြိမ်စသုံးခြင်းနှင့် နှုန်းထားများ
1. GX30 အစီအစဉ်ကို ပထမဆုံးအကြိမ် စတင်သုံးရန် သင့်မိုဘိုင်းတွင် အောက်ပါအတိုင်း ပြုလုပ်ပါ-
a. MyUMobile အပလီကေးရှင်း၏ Add-on အပိုင်း မှတစ်ဆင့်၊ သို့မဟုတ်
b. *118#8 သို့ ခေါ်ဆို၍၊ သို့မဟုတ်
c. 28118 သို့ “ON GX30” ဟု SMS ပို့ခြင်း။ SMS တစ်စောင်လျှင် RM0.05 ကျသင့်ပါမည်။
2. ပထမအကြိမ် စတင်မသုံးမီတွင် GX30 အစီအစဉ်အတွက် သင့်တွင် ခရက်ဒစ်လက်ကျန် အနည်းဆုံး RM30 ရှိရပါမည်။
3. အစီအစဉ် စတင်အသုံးပြုရန် RM30 ဖြည့်ရပါမည်။ စတင်အသုံးပြုခြင်းအား သင်ကိုယ်တိုင် အခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ သင့်ခရက်ဒစ်လက်ကျန်ထဲမှ ကောက်ခံသွားပါမည်။ ခရက်ဒစ်ပြန်ဖြည့်ပေးခြင်း သို့မဟုတ် ငွေပြန်အမ်းခြင်း မပြုပါ။
4. အကျုံးဝင်ကာလမှ စတင်အသုံးပြုသည်မှ ရက် 30 ဖြစ်ပါသည်။ သက်တမ်းကုန်သွားပါက ဒုတိယစာပိုဒ်တွင် ဖော်ပြထားသကဲ့သို့ သင့်တွင် အနည်းဆုံးခရက်ဒစ်လက်ကျန် ရှိနေပါက (စတင်အသုံးပြုခြင်းနှင့် နှုန်းထားများ) အလိုအလျောက် အသစ်ပြန်လည်စသွားပါမည်။
5. သင့်တွင် လုံလောက်သော ခရက်ဒစ်လက်ကျန် မရှိသဖြင့် အလိုအလျောက် ပြန်လည်စတင်ခြင်း မပြုနိုင်ပါက အသစ်ပြန်စနိုင်မည် မဟုတ်ပါ။
6. သင်သည် GX30 အစီအစဉ်များကို သင်အလိုရှိသလောက် သုံးနိုင်ပါသည်။ သုံးမကုန်သော လက်ကျန်ဒေတာများအား GX30 အစီအစဉ် ပြန်စသောအခါတွင် ပြန်ပေါင်းမပေးပါ။
7. GX30 အစီအစဉ်ကို ဆက်မသုံးလိုပါက အဆုံးသတ်ရန်နည်းများမှာ-
a. UMB သို့ *118# မှတစ်ဆင့်၊ သို့မဟုတ်
b. 28118 သို့ SMS ဖြင့် “OFF GX30” ပို့ပါ။ SMS တစ်ကြိမ်လျှင် RM0.05 ကျသင့်ပါမည်။
8. GX30 အစီအစဉ် အဆုံးသတ်သွားပါက သုံးမကုန်သော လက်ကျန်ဒေတာများကို ပယ်ဖျက်သွားပါမည်။ နောက်ထပ် ဒေတာသုံးစွဲမှုများကို သက်ဆိုင်ရာ ငွေကြိုပေးအစီအစဉ် နှုန်းထားများအတိုင်း ကောက်ခံပါမည်။
ဒေတာဝန်ဆောင်မှု
1. GX30 အစီအစဉ်ကို သုံးစွဲခြင်းဖြင့် သင်သည် အကန့်အသတ်မဲ့ ဒေတာကို အင်တာနက်မြန်နှုန်း 3Mbps အထိ ရရှိမည် ဖြစ်ပါသည်။ GX30 အစီအစဉ်တွင် ပုံမှန်အရည်အသွေး ဗီဒီယိုနှင့် တေးဂီတ ကြည့်ရှုနားဆင်ခွင့်ကို အကန့်အသတ်မဲ့ ပေးထားပါသည်။
2. မိုဘိုင်းဖုန်းဝိုင်ဖိုင်သုံးရန်အတွက်လည်း 3GB သီးခြားပေးထားပါသည်။ ကိုယ်တာ ကုန်သွားသောအခါ ဒေတာ အမြန်နှုန်းကို ညှိပါမည်။
3. Hotspot Booster သည် စာပိုဒ် 2 တွင် ဖော်ပြထားသော လစဉ်ကိုယ်တာအပေါ်တွင် မိုဘိုင်းဖုန်းဝိုင်ဖိုင်ကိုယ်တာ ထပ်ဖြည့်ပေးသော ထပ်ဆောင်းဝန်ဆောင်မှု ဖြစ်ပါသည်။ Hotspot Booster ကို GX30 အစီအစဉ်ဖြင့်သာ သုံးစွဲနိုင်ပြီး အခြား U Mobile ဒေတာအစီအစဉ်ဖြင့် မသုံးနိုင်ပါ။ Hotspot Booster ၏ သက်တမ်းမှာ စတင်သည်မှ 3 ရက် ဖြစ်ပါသည်။ သင်သည် Hotspot Booster ကို သုံးနေဆဲတွင် သင့်သုံးစွဲနှုန်းထား သို့မဟုတ် ဒေတာအစီအစဉ်ကို ပြောင်းလိုက်ပါက Hotspot Booster တွင် သုံးမကုန်ဘဲ ကျန်သော ဒေတာများကို ပယ်ဖျက်သွားမည်ဖြစ်ပြီး နှုန်းထားသစ် သို့မဟုတ် အစီအစဉ်သစ်တွင် ထပ်ပေါင်းခြင်း၊ ငွေပြန်အမ်းခြင်းတို့ ပြုမည်မဟုတ်ပါ။
4. Speed Booster သည် စာပိုဒ် 1 တွင် ဖော်ပြထားသော မြန်နှုန်းလျော့ချထားမှုကို ပြန်မြှင့်ရန် ဝန်ဆောင်ပေးသော ထပ်ဆောင်းဝန်ဆောင်မှု ဖြစ်ပါသည်။ သင်သည် GX30 အစီအစဉ်ဖြင့်သာ Speed Booster ကို သုံးနိုင်ပြီး အခြား U Mobile ဒေတာအစီအစဉ်များဖြင့် မသုံးနိုင်ပါ။ Speed Booster သက်တမ်းမှာ စတင်သည်မှ 3 ရက် ဖြစ်ပါသည်။ ၎င်းသည် သင်၏ GX30 အစီအစဉ် ဒေတာကိုယ်တာကို နောက်ထပ် ကိုယ်တာ ထပ်တိုးမပေးပါ။ သင်သည် Speed Booster ကို သုံးနေဆဲတွင် သင့်သုံးစွဲနှုန်းထား သို့မဟုတ် ဒေတာအစီအစဉ်ကို ပြောင်းလိုက်ပါက Speed Bosster ကို ပယ်ဖျက်သွားမည်ဖြစ်ပြီး နှုန်းထားသစ် သို့မဟုတ် အစီအစဉ်သစ်တွင် ထပ်ပေါင်းခြင်း၊ ငွေပြန်အမ်းခြင်းတို့ ပြုမည်မဟုတ်ပါ။
5. ကွန်ယက်တွင်း (P2P) သုံးစွဲမှုအတွက် 64kbps အထိ ရပါမည်။
6. မိုဘိုင်းဝိုင်ဖိုင်မဟုတ်သော သုံးစွဲမှုအတွက် GX30 အစီအစဉ်အား စမတ်ဖုန်းဖြင့်သာ သုံးစွဲနိုင်ပြီး MiFi နှင့် USB ဝိုင်ဖိုင်ဖမ်းစက်အပါအဝင် အခြားစက်များဖြင့် မသုံးနိုင်ပါ။ U Mobile သည် လိုအပ်လာပါက GX30 အစီအစဉ်အတွက် စက်ပစ္စည်း အမျိုးအစားသတ်မှတ်ချက်ကို ပြောင်းလဲမှု ပြုလုပ်နိုင်ပါသည်။
7. သင်သည် သတ်မှတ်ချက်များကို ဖောက်ဖျက်ကြောင်း တွေ့ရှိရပါက U Mobile အနေဖြင့် ကြိုတင်အသိမပေးဘဲ အချိန်မရွေး သင်၏ GX30 အစီအစဉ်ကို ဆိုင်းငံ့ခြင်း သို့မဟုတ် အဆုံးသတ်ခြင်း ပြုလုပ်ခွင့် ရှိပါသည်။
8. ဒေတာဝန်ဆောင်မှုသည် ကွန်ယက်ကန့်သတ်ချက်များ၊ ရရှိနိုင်မှုနှင့် စက်ပစ္စည်း စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ကွာခြားနိုင်ပါသည်။ သင်၏ တကယ်တမ်း ဒေါင်းလုပ်အမြန်နှုန်းနှင့် ဒေတာစွမ်းဆောင်မှုသည် ပြောင်းလဲနိုင်ပြီး နှေးကွေးမှု ရှိကောင်းရှိနိုင်ပါမည်။ ၎င်းတို့သည် မိုဘိုင်းတာဝါတိုင်နှင့် ဝေးကွာနေခြင်း၊ မိုဘိုင်းတာဝါစွမ်းဆောင်မှု၊ သင်ဒေါင်းလုပ် ပြုလုပ်သောဆိုဒ်၊ သင့်ဖုန်းအမျိုးအစားနှင့်အရည်အသွေး၊ အထွေထွေအင်တာနက် အသုံးပြုမှုနှင့် အကျုံးဝင်မှုတို့အပါအဝင် အချက်များစွာအပေါ် မူတည်ပါသည်။
9. အင်တာနက်ချိတ်မရခြင်း ဖြစ်ပါက သင်၏ ပုံမှန် (ဝိုင်ဖိုင်မဟုတ်) ဒေတာသုံးစွဲမှုအား မိုဘိုင်းဝိုင်ဖိုင်ကိုယ်တာထဲမှ ဖြတ်တောက်သွားနိုင်ပါသည်။ ထိုသို့ဖြစ်နိုင်ခြေကို သင်မှ သိရှိလက်ခံပြီး ကျွန်ုပ်တို့တွင် တာဝန်မရှိသည်ကို သဘောတူပါသည်။
တည်းဖြတ်မှု- 17 ဇူလိုင် 2018
If you require further assistance, you can get in touch with us via the following channels.
MyUMobile App
Reach out to us through the MyUMobile App.
Drop us your message on Messenger.
Tweet us your enquiries and we will get back to you as soon as we can!
{{deviceBrand}}
{{deviceModel}}
{{deviceBrand}}
{{deviceModel}}