
Postpaid Plans
Discover our latest Postpaid plans, featuring the New Postpaid 38. Experience UNLIMITED Calls with 30GB of High-Speed Data for only RM38/mth. Get yours today!
1. ယခု ဒေတာဝန်ဆောင်မှု (“ဝန်ဆောင်မှု”) ကို ကျွန်ုပ်တို့၏ စာရင်းသွင်းလျှောက်လွှာတွင် ဝန်ဆောင်မှု စည်းကမ်းအရ ထည့်သွင်းပေးထားပါသည်။ သင်သည် အဆိုပါ စည်းကမ်းနှင့် သတ်မှတ်ချက်များနှင့် ကျွန်ုပ်တို့၏ မျှတစွာ သုံးစွဲခြင်း မူဝါဒအပါအဝင် ဝန်ဆောင်မှု သတ်မှတ်ချက်များ (စုပေါင်းပြီး “သတ်မှတ်ချက်များ” ဟု ခေါ်ပါမည်) ကို လိုက်နာရပါမည်။
2. မည်သည့်အချိန် တစ်ချိန်တွင်မဆို သင်သည် ယခု ဝန်ဆောင်မှုကို ဒေတာအစီအစဉ် တစ်ခုအနေနှင့်သာ ရယူနိုင်ပါသည်။
3. ယခုဝန်ဆောင်မှုသည် ဒေတာ ဝန်ဆောင်မှုဖြစ်ပြီး ကျွန်ုပ်တို့၏ 3G/4G ကွန်ယက် ဖြန့်ကျက်ထားသော ဒေသအတွင်း အကျုံးဝင်သော သုံးစွဲသူများအတွက် 3G/4G ကွန်ယက်မှတစ်ဆင့် အင်တာနက်နှင့် ဆက်စပ်ဝန်ဆောင်မှုများကို ပေးပါသည်။ ယခုဝန်ဆောင်မှုသည် ကွန်ယက် ကန့်သတ်ချက်များနှင့် ရနိုင်မှု၊ စက်စွမ်းဆောင်ရည်တို့အပေါ် မူတည်ပါသည်။ ကျွန်ုပ်တို့၏ 3G/4G ကွန်ယက် မရောက်သော နေရာများတွင် ဝန်ဆောင်မှုကိုသုံးပြီး အင်တာနက် မချိတ်နိုင်ပါ။ ကွန်ယက် ရနိုင်မှုကို တွင် www.u.com.my လေ့လာပါ။
4. ဒေတာဝန်ဆောင်မှုသည် ကွန်ယက်အကန့်အသတ်များနှင့် သုံးသည့်စက်၏ စွမ်းဆောင်မှုအပေါ် မူတည်ပါသည်။ သင်၏ အမှန်တကယ် ဒေါင်းလုပ် အမြန်နှုန်းနှင့် ဒေတာသည် ပြောင်းလဲနိုင်ခြင်း၊ မြန်နှုန်းလျော့နိုင်ခြင်းတို့သည် မိုဘိုင်းတာဝါမှ အကွာအဝေး၊ မိုဘိုင်းတာဝါတိုင် စွမ်းဆောင်မှု၊ သင်ဒေါင်းလုပ်သည့်ဆိုက်၊ သင့်ဖုန်းအမျိုးအစားနှင့် အရည်အသွေး၊ အင်တာနက် သုံးစွဲသူပမာဏနှင့် ဖြန့်ကျက်နိုင်မှု စသည်တို့ကြောင့် ပြောင်းလဲနိုင်ပါသည်။
5. သင်သည် ဝန်ဆောင်မှုကို ကွန်ပြူတာ သို့မဟုတ် လက်တော့ပ်တွင် သုံးနေပါက ကျွန်ုပ်တို့၏ 3G/4G နှင့် တွဲဖက်နိုင်သော 3G/4G မိုဒမ် လိုအပ်ပါသည်။ ဝန်ဆောင်မှုကို သင့်ဖုန်း သို့မဟုတ် မိုဘိုင်းတွင် သုံးနေပါက 3G/4G နှင့် တွဲဖက်နိုင်သော ဖုန်း သို့မဟုတ် မိုဘိုင်း လိုအပ်ပါသည်။
6. ဒေတာအစီအစဉ်ကို စတင်သည်နှင့် ဒေတာကုန်သွားသည်ဖြစ်စေ၊ သက်တမ်းကုန်သွားသည်ဖြစ်စေ မည်သည်က အရင်လာသည်ဖြစ်ဖြစ် ဆက်လက် သုံးသွားပါမည်။ သင့်ဒေတာ အစီအစဉ်ကို မရပ်ဆိုင်းနိုင်ပါ။ သင့်ဒေတာ အစီအစဉ် သက်တမ်းကုန်ရက်ကို စတင်အသုံးပြုသည်မှ သတ်မှတ်ပါသည်။
7. သင့်ဒေတာ အစီအစဉ် သက်တမ်းကုန်ပါက မသုံးဖြစ်သော ဒေတာများကို ဆက်လက်သယ်သွားနိုင်မည်မဟုတ်ဘဲ ပယ်ဖျက်ပါမည်။ သက်တမ်းကုန်ချိန်တွင် သင်မှ ဒေတာအစီအစဉ် မပြောင်းပါက (သုံးစွဲသူမှ အလိုအလျောက် အသစ်ပြန်ယူခြင်းကို မပယ်ဖျက်ထားပါက) ဆက်လက်သုံးနေသော ဒေတာများအတွက် RM2.0/MB (1MB သုံးတိုင်း သို့မဟုတ် သီးခြားအပိုင်းအတွက် ပို့ခြင်း သို့မဟုတ် လက်ခံခြင်းအတွက်) ကောက်ခံမည်ဖြစ်သည်။ သင်၏ ဒေတာအစီအစဉ်ကို ပြောင်းပါက ထိုဒေတာ အစီအစဉ်အတွက် သတ်မှတ်သော နှုန်းထားများကို ပေးရပါမည်။
8. သင့်အစီအစဉ် နှုန်းထားသည် အကန့်အသတ်မဲ့ ဒေတာ ဖြစ်ပါက မျှတစွာ သုံးစွဲရေး မူဝါဒကို ဆက်လက်လိုက်နာရန် လိုအပ်ပြီး သင်၏ တစ်လစာ ဒေါင်းလုပ်နှင့် အပ်လုပ်ပမာဏသည် သတ်မှတ်ထားသော မြန်နှုန်းမြင့်ဒေတာ ပမာဏ သို့မဟုတ် မျှတစွာသုံးစွဲရေး မူဝါဒတွင် ဖော်ပြထားသော အလားတူ သတ်မှတ်ချက်ကို ကျော်ပါ ကျွန်ုပ်တို့အနေဖြင့် သင့်အာင်တာနက်ကို ဆိုင်းငံ့ခြင်း၊ ရက်ဆိုင်းခြင်း တို့ကို ကန့်သတ်မှု၊ မြန်နှုန်းလျော့ချမှု မရှိဘဲ ပြုလုပ်နိုင်ပါသည်။
9. ဒေတာအသုံးပြုမှုကို KB နှင့် တွက်ပါသည်။ ဒေတာမဟုတ်သော အသုံးပြုမှု (အသံ၊ SMS/MMS, ဗီဒီယိုခေါ်ခြင်းနှင့် ပြည်ပအင်တာနက်နှင့် ပြည်ပဖုန်းခေါ် ဝန်ဆောင်မှု အပါအဝင် သုံးစွဲမှုများ) ကို ပုံမှန်နှုန်းထားများအတိုင်း သီးခြားကော်ကခံပြီး သင်၏ အစီအစဉ်နှုန်းထားတွင် မပါဝင်ပါ။
10. သင့်လက်ရှိ ဒေတာအစီအစဉ် သက်တမ်းကုန်မှသာ သို့မဟုတ် ဒေတာခွင့်ပြုပမာဏ သုံးစွဲကုန်မှသာ ဒေတာ အစီအစဉ်ကို ပြောင်းနိုင်ပါသည်။ ဒေတာ အစီအစဉ် အသစ်၏ စည်းကမ်းနှင့် သတ်မှတ်ချက်များကို လက်ခံရပါမည်။
11. သင့်ဒေတာ အသုံးပြုမှုအတွက် သင့်ဘာသာ ထိန်းသိမ်းရန် တာဝန်ရှိပါသည်။ သင့်အတွက် အဆင်ပြေစေရန် ဒေတာ အသုံးပြုမှုပမာဏကို စစ်ဆေးပေးနိုင်မည့် မီတာများကို ပေးထားပါသည်။ မီတာတွင်ပြထားသော အသုံးပြုမှုသည် ညွှန်ပြချက်သာဖြစ်ပြီး ပကတိပမာဏ မဟုတ်ပါ။
12. ဝန်ဆောင်မှုရယူရန် ကျွန်ုပ်တို့ သတ်မှတ်ထားသော အနိမ့်ဆုံး လိုအပ်ချက်များကို ပြည့်စုံရပါမည်။ ဝန်ဆောင်မှု အသုံးပြုခြင်းသည် သင်သုံးနေသော စက်နှင့် ဆော့ဖ်ဝဲလ်အပေါ် မူတည်ပါသည်။ ကျွန်ုပ်တို့၏ USIm သို့မဟုတ် ဝန်ဆောင်မှုသည် သင်၏ စက်၊ ဆော့ဖ်ဝဲလ်တို့နှင့် ကိုက်ညီကြောင်း ကျွန်ုပ်တို့မှ အာမခံပေးခြင်း မပြုလုပ်ပါ။
13. အကောင့်ရယူရန် သင်သည် 18 နှစ် ကျော်ရပါမည်။ ဝန်ဆောင်မှုမှ ရယူသော မည်သည့် အင်တာနက် အကြောင်းအရာအတွက်မျှ ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။ ယခုဝန်ဆောင်မှုအတွက် အသုံးပြုသော ဆော့ဖ်ဝဲလ်သည် လိုင်စင်ရှိကြောင်း သေချာပါစေ။ ဝန်ဆောင်မှုကို ပြန်ရောင်းချခြင်း၊ မျှဝေခြင်း သို့မဟုတ် အခြားတစ်ဦးဦးသို့ ဖြန့်ချီခြင်း မပြုရပါ။
14. သင်သည် သဘောတူညီချက်ကို လိုက်နာခြင်း ရှိ မရှိ ကျွန်ုပ်တို့မှ စောင့်ကြည့်ပါမည်။ ဝန်ဆောင်မှုကို လွဲမှားသုံးခြင်းကို စုံစမ်းစစ်ဆေးပါမည်။ သင်သည် ဝန်ဆောင်မှုကို တလွဲသုံးကြောင်း တွေ့ရပါက ရလာဒ်အပေါ်မူတည်ပြီး သင်မှ စုံစမ်းစစ်ဆေးစားရိတ်နှင့် အခြားအသုံးပြုသူသို့ ပေးရသည့် နစ်နားကြေးတို့အတွက် သင့်ထံမှ တောင်းခံပါမည်။
15. ကျွန်ုပ်တို့သည် နှုန်းထားများအပါအဝင် သတ်မှတ်ချက်များကို ပြင်ဆင်ခြင်း ပြောင်းလဲခြင်း ပြုလုပ်ခွင့် ရှိပါသည်။
16. သီးခြား ဖော်ပြထားခြင်း မရှိပါက ယခုအစီအစဉ်ကို အခြားအစီအစဉ်များနှင့် မပေါင်းနိုင်ပါ။
17. ယခုအစီအစဉ်ကို ကျွန်ုပ်တို့မှ ရပ်ဆိုင်းချိန်အထိ ရယူနိုင်ပါသည်။
If you require further assistance, you can get in touch with us via the following channels.
MyUMobile App
Reach out to us through the MyUMobile App.
Drop us your message on Messenger.
Tweet us your enquiries and we will get back to you as soon as we can!
{{deviceBrand}}
{{deviceModel}}
{{deviceBrand}}
{{deviceModel}}