
Postpaid Plans
Enjoy up to 1,000GB 5G data with our new U Postpaid plans. Check it out now!
A. အထွေထွေ
1. ယခု Unlimited Funz ငွေကြိုပေး အစီအစဉ် (“အစီအစဉ်”) အထူးအရောင်း (“Promotion”) သည် 25 ဇူလိုင် 2019 (“စတင် သက်ရောက်သည့်နေ့”) မှ စတင်ပြီး U Mobile မှ အဆုံးသတ်သည့်နေ့အထိ ဖြစ်ပါသည်။ အစီအစဉ်အား U Mobile ငွေကြိုပေး စည်းကမ်းနှင့် သတ်မှတ်ချက်များအတိုင်း ဖြစ်ပါသည်။ သင်သည် သက်ဆိုင်ရာ ဝန်ဆောင်မှုဖော်ပြခက်၊ မျှတစွာသုံးစွဲရေး မူဝါဒ၊ ကိုယ်ရေးအသိပေးချက်နှင့် ယခု စည်းကမ်းနှင့် သတ်မှတ်ချက်များ အပါအဝင် အဆိုပါ စည်းကမ်းနှင့် သတ်မှတ်ချက်များ (စုပေါင်းပြီး “သတ်မှတ်ချက်များ” ဟုခေါ်သည်) ကို လိုက်နာရပါမည်။
2. ကျွန်ုပ်တို့သည် ယခုသတ်မှတ်ချက်များကို သင့်အား အသိမပေးဘဲ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း ပြုခွင့်ရှိပါသည်။ ၎င်းက ကျွန်ုပ်တို့နှင့် သင့်အကြား သဘောတူညီမှု၏ အခြားအပိုင်းများတွင်ပါသော သင့်ကို အသိပေးရန် လိုအပ်ချက်ကို ပယ်ဖျက်ပါသည်။
3. လိုင်းတူခေါ်ဆိုမှုအတွက် နေ့စဉ် အများဆုံးနှုန်းထားမှာ RM1.00 ဖြစ်သည်။ ထို့နောက်တွင် အားလုံးသော လိုင်းတူ ခေါ်ဆိုမှုများကို ထိုနေ့အတွက် အခမဲ့ သတ်မှတ်ပါသည် (“အခမဲ့ ခေါ်ဆိုမှုများ”)။ သင်သည် အခမဲ့ခေါ်ဆိုမှုများ ကာလအတွင်း လိုင်းတူခေါ်ဆိုမှု ပြုပါက သင်၏ အသုံးပြုမှုကို 30 စက္ကန့်အပေါ်တွင် မူတည်သတ်မှတ်ပါသည်။ “လိုင်းတူခေါ်ဆိုမှုများ” ဆိုသည်မှာ -
a. မလေးရှားအတွင် U Mobile လိုင်းတူချင်းသာ ခေါ်ဆိုခြင်း
b. အခြားမည်သည့် လိုင်းကိုမှ ခေါ်ဆိုခြင်း မပြုရပါ၊
c. ဗီဒီယိုခေါ်ခြင်း၊ IDD, နိုင်ငံတကာတွင် သုံးခြင်း၊ အသံမေးလ် (1311) သို့မဟုတ် အထူးနံပါတ်များ/ ပရီမီယံနံပါတ်များ မပါဝင်ပါ။ ထိုခေါ်ဆိုမှုများအတွက် အောက်ပါနှုန်းထားများ ကျသင့်ပါမည်-
နံပါတ်. |
ခေါ်ဆိုမှုအမျိုးအစားများ |
ကျသင့်နှုန်းထား |
---|---|---|
i. |
အသံမေးလ် | ခေါ်ဆိုမှုတစ်ကြိမ်လျှင် RM0.18 |
ii. | ပြည်ပတွင်သုံးနေစဉ် ခေါ်ဆိုမှု | လက်ရှိ U Mobile ပြည်ပ အော်ပရေတာများ၏ နှုန်းထားများအပေါ် မူတည်သည် |
iii. |
1300 |
RM0.30/မိနစ် |
iv. |
1-600-85-8888 (AirAsia) |
RM1.95/မိနစ် |
v. | 1800 | အခမဲ့ |
အထက်ပါစာရင်းတွင် မပါဝင်သော အထူး/ ပရီမီယံ နံပါတ်များသို့ ခေါ်ဆိုခြင်းအတွက် လက်ခံသူမှ သတ်မှတ်သည့် နှုန်းထားများအတိုင်း ကျသင့်ပါမည်။ ခေါ်ဆိုမှုများ မပြုမီတွင် လက်ခံသူတို့၏ ဝဘ်ဆိုက်တွင် ဖော်ပြထားသော နှုန်းထားများကို လေ့လာရန် အကြံပြုလိုပါသည်။
4. အစီအစဉ်သက်တမ်းသည် သုံးစွဲကာလ 5 ရက် (“သုံးစွဲကာလ”) နှင့် သက်တမ်းကုန်ကလာ 60 ရက် (“သက်တမ်းကုန်ကာလ”) ဖစ်ပါသည်-သင်၏ သုံးစွဲကာလ သက်တမ်းသည် သင်ငွေဖြည့်သည့် ပမာဏအပေါ် မူတည်ပါသည်။ ဥပမာ-
a. သက်တမ်းကုန်ကာလတွင် အင်တာနက်၊ ဖုန်းခေါ်ခြင်းနှင့် SMS အပါအဝင် ဝန်ဆောင်မှုများကို မသုံးနိုင်ပါ၊ သို့သော် အဝင်ဖုန်းနှင့် SMS ကိုမူ လက်ခံနိုင်ပါသည်၊
b. သက်တမ်းကုန်ကာလအတွင်း ငွေထပ်ဖြည့်ခြင်း မပြုပါက နောက်ထပ် သတိပေးမှု မပြုဘဲ သင့်အကောင့်သည် အလိုအလျောက် ရပ်ဆိုင်းသွားမည်ဖြစ်သည်၊
c. သင်၏ သုံးစွဲကာလ သက်တမ်းသည် သင်ငွေဖြည့်သည့် ပမာဏအပေါ် မူတည်ပါသည်။ ဥပမာ-
i. စတင်သုံးစွဲချိန်တွင် နောက်ထပ် ငွေထပ်ဖြည့်ထားခြင်း မရှိပါက သင်၏ သုံးစွဲကာလသည် 5 ရက် ဖြစ်ပါသည်၊
ii. အချိန်မရွေး RM1.00 ငွေဖြည့်တိုင်း သုံးစွဲကာလကို 1 ရက် တိုးသွားပါမည်။ သို့သော်-
A. အစီအစဉ် စတင်သုံးပြီးနောက် သင် RM1.00 ငွေဖြည့်ပါက လက်ရှိ အစီအစဉ်၏ သုံးစွဲကာလ၊ ဆိုလိုသည်မှာ 5 ရက် သက်ရောက်ပါမည် (ပိုမိုကြာရှည်သော သုံးစွဲကာလ)၊
B. သင်သည် RM10.00 ငွေဖြည့်ပါက သုံးစွဲကာလသည် 10 ရက် ဖြစ်မည်။
5. အထူးအစီအစဉ်အောက်ရှိ ခံစားခွင့်အားလုံးကို ရယူရန် သင်သည် အစီအစဉ်ကာလတစ်လျောက် အသုံးပြုနေရပါမည်။ အသုံးပြုသည် ဆိုခြင်းမှာ ဖုန်းခေါ်ခြင်းနှင့် ဖုန်းလက်ခံခြင်းတို့ ပြုလုပ်နိုင်ခြင်းဖြစ်သည်။
6. သီးခြား ဖော်ပြမထားပါက ယခုအထူးအစီအစဉ်ကို အခြားအစီအစဉ်များနှင့် မပေါင်းနိုင်ပါ။
B. U Mobile မှ U Mobile သို့ အခမဲ့ ဖုန်းခေါ်ခြင်း
1. သုံးစွဲကာလ အတွင်းတွင် တစ်နေ့အတွင်း ပြုလုပ်သော လိုင်းတူခေါ်ဆိုမှုများအတွက် သင်၏ ပင်မ ခရက်ဒစ်လက်ကျန်မှ RM1.00 ဖြတ်ပြီးပါက ထိုနေ့အတွက် အခမဲ့ခေါ်ဆိုမှုများ ပြုလုပ်နိုင်ပါသည်။ လိုင်းတူခေါ်ဆိုမှုအတွက် RM1.00 ကောက်ခံမှုအား ထိုနေ့၏ 0:00:01 မှ 11:59:59 နာရီအတွင်း ပြုလုပ်ပါမည်။
2. လိုင်းတူခေါ်ဆိုမှုများကို RM1.00 ထက် လျော့ပြီး သုံးသောနေ့များတွင် လိုင်းတူခေါ်ဆိုမှု အားလုံးကို ဖုန်းခေါ်နှုန်းများအတိုင်း ကောက်ခံပါမည်။
3. သင်သည် အခမဲ့ခေါ်ဆိုမှုများအတွက် အကျုံးဝင်ပြီး အခြားအထူးအစီအစဉ်များမှ အခမဲ့ မိနစ်များ သို့မဟုတ် ဖုန်းခရက်ဒစ်များ ရှိပါက၊ လိုင်းတူခေါ်ဆိုမှု ကိုယ်တာအတွက် အောက်ပါအတိုင်း သုံးပါမည်-
a. အခြား အထူးအစီအစဉ်များ သို့မဟုတ် ဝန်ဆောင်မှုမှ ပေးသော အခမဲ့ မိနစ်များ သို့မဟုတ် ဖုန်းခရက်ဒစ်၊
b. အခမဲ့ ခေါ်ဆိုမှုများ။
သင့်တွင် ကျွန်ုပ်တို့၏ ငွေဖြည့်အထူးအစီအစဉ် တစ်ခုခုမှ RM0.50 ခရက်ဒစ်လက်ကျန် ရှိပါက သင်၏ လိုင်းတူခေါ်ဆိုမှုများအတွက် အခမဲ့ခရက်ဒစ်များထဲမှ ဦးစွာဖြတ်တောက်ပြီးနောက် အခမဲ့ခေါ်ဆိုမှုများကို သုံးပါမည်။ါ။
4. အခမဲ့ခေါ်ဆိုမှုများအား အခြားလူတစ်ဦးဦး သို့မဟုတ် ငွေကြိုပေးအကောင့်သို့ မလွှဲပြောင်းနိုင်ပါ။
5. မသုံးဖြစ်သော အခမဲ့ခေါ်ဆိုမှုများကို ဆက်လက်သယ်သွားလို့ မရပါ။ အခမဲ့ခေါ်ဆိုမှုများကို နေ့စဉ် 00:00:00 တွင် ပြန်လည်စတင်မည်ဖြစ်ပြီး သင်သည် နောက်တစ်နေ့တွင် လိုင်းတူခေါ်ဆိုမှုများအတွက် အကောင့်ထဲမှ RM1.00 ဖတ်တောက်ပြီးပါက အခမဲ့ခေါ်ဆိုမှုများကို ရယူနိုင်ပါသည်။
C. အစီအစဉ်များ ပြောင်းခြင်း
1. လက်ရှိ U Mobile သုံးသူများအား သက်ရောက်နေ့မှ စတင်ပြီး အစီအစဉ်ပြောင်းခြင်းကို ခွင့်ပြုပါသည်။
2. ပြောင်းလဲမှု အထမြောက်ပါက ပြောင်းခ RM3.00 ကို သင့်အကောင့်ထဲမှ ဖြတ်ပါမည်။
3. သို့သော် သင်သည် အစီအစဉ် ပြောင်းပြီးပါက သင့်ကို Unlimited Power ငွေကြိုပီး အစီအစဉ်သို့သာ ပြန်ပြောင်းခွင့် ပြုပါသည်။
4. သက်တမ်းကုန်ကာလတွင် အစီအစဉ်များ ပြောင်းခြင်းကို ခွင့်မပြုပါ။ အစီအစဉ်များ မပြောင်းမီတွင် သင့်အကောင့်ကို ပြန်လည်စတင်ရန် ငွေပြန်ဖြည့်ပါ။
5. အစီအစဉ်ပြောင်းခြင်း အောင်မြင်ပါက သင့်အကောင့်ထဲရှိ ခရက်ဒစ်လက်ကျန်ကို ဆက်လက်သယ်သွားမည် ဖြစ်သော်လည်း လက်ရှိရနေသော အခမဲ့များ သို့မဟုတ် ခံစားခွင့်များကို ရုပ်သိမ်းသွားပါမည်။
6. အောင်မြင်စွာ ပြောင်းပြီးသွားပါက မည်သည့်ငွေကြိုပေး အစီအစဉ်မှ သင်ပြောင်းလာသည်ဖြစ်စေ အကောင့်၏ သုံးစွဲကာလကို 5 ရက် သို့ သတ်မှတ်ပြီး သက်တမ်းကုန်ကာလကို 60 ရက်သို့ သက်မှတ်ပါမည်။
အခမဲ့အင်တာနက်
1. အခမဲ့အင်တာနက် ရယူရန် သင့်အကောင့်သည် သက်တမ်းရှိနေ ရပါမည်။
2. ပေးထားသော အခမဲ့အင်တာနက်ကို အခြားလူ၊ သို့မဟုတ် အခြားလျှောက်ထားသူ၏ ငွေကြိုပေးအကောင့် သို့ မလွှဲပြောင်းနိုင်ပါ။
3. အခမဲ့အင်တာနက်၏ မသုံးဖြစ်သော ကိုယ်တာကို ဆက်သယ်မသွားပါ။
4. အခမဲ့အင်တာနက်ကို ပြည်တွင်း (မလေးရှား အတွင်းသာ) သုံးနိုင်ပြီး နိုင်ငံခြားတွင် မသုံးနိုင်ပါ။ သင်၏ နိုင်ငံခြားတွင် အင်တာနက်သုံးခြင်းအတွက် U Mobile ၏ ပြည်ပ အော်ပရေတာများမှ ကောက်ခံနှုန်းအတိုင်း ကျသင့်ပါမည်။
5. အင်တာနက် သုံးစွဲမှုသည် U Mobile ၏ မျှတစွာသုံးစွဲခြင်း မူဝါဒအရ ဖြစ်ပါသည်။ U Mobile ၏ မျှတစွာသုံးစွဲခြင်း မူဝါဒအရ U Mobile သည် သင်၏ အခမဲ့အင်တာနက် အသုံးပြုမှုနှင့် အင်တာနက်ကိုယ်တာ အမြန်နှုန်းကို စီမံပြောင်းလဲခြင်း၊ ရပ်နားခြင်း သို့မဟုတ် အပြီးရပ်ဆိုင်းခြင်း ပြုလုပ်နိုင်ပါသည်။
စတင်အသုံးပြုလျှင် ရသော အခမဲ့အင်တာနက်
1. အစီအစဉ်ကို စတင်အသုံးပြုမှု ပြုလုပ်ပါက အခမဲ့ 200MB မန်နှုန်းမြင့် အင်တာနက်အား သင့်အကောင့်ထဲသို့ ချက်ချင်းထည့်ပေးပါမည်။
2. အခမဲ့ 200MB အင်တာနက်အား သင့်အကောင့်ထဲ ထည့်ပြီးကြောင်း SMS ပို့ပါမည်။
3. အခမဲ့ 200MB အင်တာနက်သည် စတင်သည့်နေ့မှ 5 ရက် သက်တမ်းရှိပါသည်။ 5 ရက်ကာလ ကျော်လွန်ပြီး သက်တမ်းကုန်သွားပါက မသုံးဖြစ်သော ကိုယ်တာများကို ပယ်ဖျက်ပါမည်။
4. အခမဲ့ 200MB အင်တာနက်အား အခြား U Mobile သုံးစွဲသူများသို့ မလွှဲပြောင်းနိုင်ပါ။
ဆိုရှယ်၊ ချက်တင်နှင့် ဂိမ်း apps 10 ခုအတွက် အခမဲ့ အကန့်အသတ်မဲ့ ဒေတာ
1. Facebook, Instagram, Twitter, WhatsApp, WeChat, IMO, Viber, Facebook Messenger, Mobile Legends နှင့် PUBG (“App နှင့် ဝက်ဘ်”) အတွက် ဒေတာသုံးပါက အခမဲ့ အကန့်အသတ်မဲ့ဒေတာ (“အခမဲ့ အကန့်အသတ်မဲ့ ဒေတာ”) ကို ရပါမည်။
2. သင်မှ RM10.00 နှင့် အထက် ငွေဖြည့်လိုက်ပါက အခမဲ့ အကန့်အသတ်မဲ့ ဒေတာကို သင့်အကောင့်ထဲ ချက်ချင်း ထည့်ပေးပါမည်။
3. အခမဲ့ အကန့်အသတ်မဲ့ ဒေတာသည်-
a. App နှင့် ဝက်ဘ်မှ ထောက်ခံထားခြင်းမရှိသော ပြင်ပလင့်ခ်များ၊ စာမျက်နှာများ ရှာဖွေအသုံးပြုခြင်း၊
b. အင်တာနက် သို့မဟုတ် Apps မှလွဲ၍ အခြားအရာများအတွက် ပါဝင်မှုတို့ အသုံးပြုခွင့်ရရန်အတွက် အသုံးပြုသော မည်သည့်ဒေတာမဆို (ကြော်ငြာများနှင့် ဝက်ဘ်ဆိုက်စိစစ်သော ကိရိယာများစသည့်)၊
c. Appနှင့် ဝက်ဘ်ကိုအသုံးပြုပြီး အခြားအဖွဲ့အစည်းဝဘ်ဆိုက် သို့မဟုတ် မိုဘိုင်းလ်အက်ပလီကေးရှင်းများ အသုံးပြုခွင့်ရရှိရန်နှင့်
d. အကယ်၍ သင်သည် မလေးရှားပြင်ပတွင် အသုံးပြုနေစဉ်အတွင်း ဒေတာအသုံးပြုပါက စံသတ်မှတ်ကုန်ကျစရိတ်မှာ https://www.u.com.my/plans/roaming-idd/roaming-rates တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ပါသည်။
4. App နှင့် ဝဘ် ဂိမ်းအတွက် သင်သည် အခမဲ့ အကန့်အသတ်မဲ့ ဒေတာကို ဖုန်းဖြင့်သာ သုံးနိုင်ပြီး
a. MiFi နှင့် USB ဝိုင်ဖိုင်စက်အပါအဝင် အခြားစက်များတွင် မသုံးနိုင်ပါ၊
b. မိုဘိုင်းဖုန်းမှ ပြန်မျှဝေခြင်း သို့မဟုတ် ဟော့စပေါ့လွှင့်ခြင်း မသုံးနိုင်ပါ။
U Mobile သည် ၎င်း၏ မူဝါဒများအရ စက်ပစ္စည်းလိုအပ်ချက်များကို အချိန်နှင့်အမျှ ပြောင်းနိုင်ပါသည်။
5. အခမဲ့ အကန့်အသတ်မဲ့ ဒေတာကို သုံးရန် သင့်အကောင့်သည် သက်တမ်းရှိနေရပါမည်။
6. အခမဲ့ အကန့်အသတ်မဲ့ ဒေတာကို အခြား U Mobile သုံးစွဲသူများသို့ မျှဝေခွင့် မရှိပါ။
7. App နှင့် ဝဘ် ကို သုံးသောအခါ သင်၏ အခမဲ့ အကန့်အသတ်မဲ့ ဒေတာကိုသာ အသုံးပြုရန် ကျွန်ုပ်တို့ စီမံပါမည်။ သို့သော် တစ်ခါတစ်ရံတွင် အခမဲ့ အကန့်အသတ်မဲ့ ဒေတာကို မသုံးဘဲ App နှင့် ဝဘ် ကို သုံးနေသည့်တိုင်အောင် သင့်ဒေတာကိုယ်တာထဲမှ သုံးနေခြင်း ရှိနိုင်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ လုပ်ဆောင်ပုံမှားယွင်းခြင်း၊ သီးခြားအဖွဲ့များမှ မှားယွင်းသော IP လိပ်စာကို ခွင့်ပြုခြင်း၊ App နှင့် ဝဘ် စီစဉ်သူမှ ကျွန်ုပ်တို့အား လုံလောက်သော အသိပေးမှု မပြုဘဲ IP လိပ်စာပြောင်းခြင်း သို့မဟုတ် ဝဘ် URL ပြောင်းခြင်း စသည့် နည်းပညာ အခက်အခဲများကြောင့် ဖြစ်နိုင်ပါသည်။ ထိုသို့အဖြစ်အပျက်များ ရှိနိုင်ကြောင်းကို သင်မှ သိရှိလက်ခံပြီး ထိုအတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိကြောင်း သဘောတူပါသည်။
8. U Mobile တွင် App နှင့် ဝဘ်၊ ထို App နှင့် ဝဘ် တွင် ပါဝင်သော အရာများကို ထိန်းချုပ်မှုမရှိကြောင်း သင်မှ သိရှိလက်ခံပါသည်။ အဆိုပါ App နှင့် ဝဘ် တို့၏ လက်ရှိအဖြစ်အပျက်၊ တိကျမှု၊ အစစ်အမှန်ဖြစ်မှု၊ ရနိုင်မှု သို့မဟုတ် လုံခြုံရေး၊ ပါဝင်သည့် အကြောင်းအရာများအတွက် U Mobile မှ အာမ မခံကြောင်းနှင့် တာဝန်ရှိမှုကို ငြင်းပယ်ပါသည်။
9. U Mobile သည် ပုံမှန်အားဖြင့် App နှင့် ဝဘ် များကို စောင့်ကြည့်ခြင်း မပြုသည်ကို သင်မှ သဘောတူပါသည်။ သို့သော် အကျုံးဝင်သော ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ခြင်းမှ တားဆီးရန်အတွက် နည်းပညာအရ ဖြစ်နိုင်ပါက ကျွန်ုပ်တို့အနေဖြင့် App နှင့် ဝဘ် သုံးစွဲခြင်းကို အချိန်မရွေး တားဆီးခွင့် ရှိပါသည်။
အခမဲ့ အခြေခံ အင်တာနက်
1. အစီအစဉ်တွင် စတင်အသုံးပြုပါက အခမဲ့ အခြေခံ အင်တာနက် ပါဝင်ပါသည်။
2. သင့်အကောင့် သက်တမ်းရှိနေသရွေ့ အခမဲ့ အခြေခံ အင်တာနက်ကို ရနေပါမည်။ သို့သော် သင့်အကောင့် သက်တမ်းကုန်သွားပါက အကောင့် ပြည်လည် သက်တမ်းရှိသည်အထိ အခမဲ့ အခြေခံ အင်တာနက်ကို ဆိုင်ငံ့ထားပါမည်။
3. အခမဲ့ အခြေခံ အင်တာနက်ကို မြန်နှုန်း 64kbps အထိနှင့် တစ်လ 1GB အထိ ပေးထားပါသည်။
4. အခမဲ့ အခြေခံ အင်တာနက်ကို လစဉ် 1 ရက်နေ့တွင် ပြန်လည်စတင်ပြီး အင်တာနက် ကိုယ်တာအသစ်ကို သင့်အကောင့်ထဲ ထည့်ပေးပါမည်။
ထုတ်ပြန်နေ့စွဲ- 23 ဇူလိုင် 2019
If you require further assistance, you can get in touch with us via the following channels.
MyUMobile App
Reach out to us through the MyUMobile App.
Drop us your message on Messenger.
Tweet us your enquiries and we will get back to you as soon as we can!
{{deviceBrand}}
{{deviceModel}}
{{deviceBrand}}
{{deviceModel}}