
U Home 5G x sooka VIP
Get fibre-like speeds and exclusive live sports with our U Home 5G x sooka VIP Bundle. Enjoy home entertainment with your loved ones - just click here!
အထွေထွေ
1. အကန့်အသတ်မဲ့ မိုဘိုင်းအင်တာနက် အစီအစဉ် 5 (ငါး) မျိုးရှိပါသည်- အကန့်အသတ်မဲ့ မိုဘိုင်းအင်တာနက် 20 ("UMI 20")၊ အကန့်အသတ်မဲ့ မိုဘိုင်းအင်တာနက် 25 ("UMI 25”)၊ အကန့်အသတ်မဲ့ မိုဘိုင်းအင်တာနက် 30 ("UMI 30”)၊ အကန့်အသတ်မဲ့ မိုဘိုင်းအင်တာနက် 38 ("UMI 38") နှင့် အကန့်အသတ်မဲ့ မိုဘိုင်းအင်တာနက် 50 ("UMI 50") တို့ဖြစ်ကြပြီး ၎င်းတို့တစ်ခုချင်းစီသည် ပြည်တွင်းဖုန်းခေါ်ဆိုမှုများ၊ ပြည်တွင်း SMS ပေးပို့မှုများ (UMI 38 သာ) နှင့် ဒေတာ တို့အတွက် 30-ရက်စာ စုပေါင်းထားသော ဝန်ဆောင်မှု (စုပေါင်း၍ “အစီအစဉ်များ” နှင့် တစ်ခုချင်းစီအားဖြင့် “အစီအစဉ်”) ဖြစ်ပါသည်။
2. အစီအစဉ်များကို U မိုဘိုင်းကြိုတင်ငွေဖြည့် စာရင်းပေးသွင်းသူများသာ သုံးနိုင်ပြီး - U Broadband တွင် စာရင်းသွင်းထားသူများက အသုံးပြု၍ မရနိုင်ပါ။
3. အစီအစဉ်များကို အခြားမည်သည့်မိုဘိုင်းနံပါတ်ထံသို့မဆို လွှဲပြောင်း၍ မရနိုင်ပါ။
4. U မိုဘိုင်းကြိုတင်ငွေဖြည့်ခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့် အခြေအနေများအရ အစီအစဉ်တစ်ခုချင်းစီကို ပံ့ပိုးထားပါသည်။ သင်သည် ကျွန်ုပ်တို့၏ မျှတစွာ သုံးစွဲမှု မူဝါဒ၊ ကိုယ်ရေးလုံခြုံမှု မူဝါဒတို့ အပါအဝင် ထိုစည်းကမ်းချက်များကို လိုက်နာရမည် ဖြစ်ပြီး ဤထပ်ဆောင်းစည်းကမ်းချက်များနှင့် အခြေအနေများ (စုပေါင်း၍ “စည်းကမ်းချက်များ”) အားလုံးကို www.u.com.my တွင် ဖတ်ရှုနိုင်ပါသည်။
5. ကျွန်ုပ်တို့အနေဖြင့် အခကြေးငွေများအပါအဝင် ဤစည်းကမ်းချက်များကို ပြင်ဆင်မွမ်းမံခွင့် သို့မဟုတ် ပြောင်းလဲခွင့်ကို ထိန်းသိမ်းထားသည်။
6. အတိအကျ ဖော်ပြထားခြင်း မရှိပါက ဤအစီအစဉ်များကို အခြား ဝန်ဆောင်မှုများနှင့် ပေါင်းစပ်အသုံးပြုနိုင်မည် မဟုတ်ပါ။
စတင် အသုံးပြုခြင်းနှင့် အဖိုးအခများ
1. သင့်မိုဘိုင်းဖုန်းတွင် *118# သို့ ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် (UMI 20 အတွက် "ON UMI 20"၊ UMI 25 အတွက် "ON UMI 25"၊ UMI 30 အတွက် "ON UMI 30"၊ UMI 38 အတွက် "ON UMI 38" နှင့် UMI 50 အတွက် "ON UMI 50" ဟူ၍ 28118 သို့) SMS မှတစ်ဆင့် ပေးပို့ခြင်းဖြင့် အစီအစဉ်တစ်ခုစီကို စတင်အသုံးပြုနိုင်ပါသည်။
2. စတင်အသုံးမပြုမီ သင့်တွင် အနည်းဆုံး လက်ကျန်ငွေ UMI 20 အတွက် RM20၊ UMI 25 အတွက် RM25၊ UMI 30 အတွက် RM30 ၊ UMI 38 အတွက် RM38 နှင့် UMI 50 အတွက် RM50 ရှိရပါမည်။
3. စတင်အသုံးပြုခမှာ UMI 20 အတွက် RM20၊ UMI 25 အတွက် RM25၊ UMI 30 အတွက် RM30 ၊ UMI 38 အတွက် RM38 နှင့် UMI 50 အတွက် RM50 ဖြစ်ပါသည်။ သင်၏ ခွင့်ပြုချက်ဖြင့် ဖြစ်စေ၊ သင်၏ ခွင့်ပြုချက် မပါဘဲ ဖြစ်စေ စတင်အသုံးပြုခြင်းအတွက် သင့်လက်ကျန်ငွေထဲမှ UMI 20 အတွက် RM20၊ UMI 25 အတွက် RM25၊ UMI 30 အတွက် RM30 ၊ UMI 38 အတွက် RM38 နှင့် UMI 50 အတွက် RM50 ကို ကျွန်ုပ်တို့ နုတ်ယူပါမည်။ ငွေပြန်အမ်းခြင်း သို့မဟုတ် ငွေချေးခြင်းကို ဆောင်ရွက်ပေးမည် မဟုတ်ပါ။
4. သုံးစွဲခွင့်ကာလမှာ စတင်အသုံးပြုသည့်နေ့မှ 30 ရက် ဖြစ်ပါသည်။ ၎င်းသက်တမ်းကုန်ဆုံးသည့်အခါ သင့်အတွင်အနည်းဆုံး လက်ကျန်ငွေ UMI 20 အတွက် RM20၊ UMI 25 အတွက် RM25၊ UMI 30 အတွက် RM30 ၊ UMI 38 အတွက် RM38 နှင့် UMI 50 အတွက် RM50 ရှိမှသာ သင့်စာရင်းသွင်းမှုကို အလိုအလျောက် လည်ပတ်လုပ်ဆောင်စေပါမည်။ တူညီသော အစီအစဉ်ကို သင်ဝယ်ယူပါက အသုံးမပြုရသေးသော မိနစ်များနှင့် SMS များကို (UMI 38 သာ) ဆက်လက် အသုံးပြုရန် ပေါင်းစပ် ထည့်သွားပေးပါမည်။ (UMI 20 ဆိုလျှင် UMI 20 ကို ပြန်လည်ဝယ်ယူပါ၊ UMI 30 ဆိုလျှင် UMI 30 ကို ပြန်လည်ဝယ်ယူပါ၊ UMI 38 ဆိုလျှင် UMI 38 ကို ပြန်လည်ဝယ်ယူ၍ UMI 50 ဆိုလျှင် UMI 50 ကို ပြန်လည်ဝယ်ယူပါ)။ သို့သော် အသုံးမပြုရသေးသော မိနစ်နှင့် SMS (UMI 38 အတွက်သာ) များသည် သင့်စာရင်းသွင်းမှုကို ပြန်လည်လည်ပတ်စေသည့် အချိန်၌ စုစုပေါင်း (UMI 20 အတွက်) မိနစ် 40၊ (UMI 30 အတွက်) မိနစ် 60၊ (UMI 38 အတွက်) မိနစ် 300 နှင့် SMS 60 နှင့် (UMI 50 အတွက်) မိနစ် 100 ထက်မပိုရပါ။ ဤကန့်သတ်ချက်ကို ကျော်လွန်သော မည်သည့် မိနစ် သို့မဟုတ် SMS ကိုမဆို လက်လွှတ်ဆုံးရှုံးရပါမည်။ စုပေါင်းထားသည့် မိနစ်များနှင့် SMS တို့မရှိသော UMI25 အတွက် မိနစ်များနှင့် SMS တို့အား ဆက်လက်ရယူခြင်းသည် အကျုံးမဝင်ပါ။
5. အလားတူအစီအစဉ်အပြင် အခြားအစီအစဉ်တစ်ခုကို ဖြတ်၍ ဝယ်ယူပါက (ဥပမာ- သင့်တွင် ရှိပြီးသား UMI 50 ရှိသော်လည်း နောက်ပိုင်းတွင် UMI 30 ကို ဝယ်ယူပါက) မိနစ်များနှင့် SMS တို့အား ဆက်လက်အသုံးပြုနိုင်ခြင်း မရှိပါ။ UMI 30 အားဝယ်ယူသည့်အခါ UMI 50 အတွက် အသုံးမပြုထားသော မိနစ်များနှင့် SMS များကို လက်လွှတ်ဆုံးရှုံးရပါမည်။ နောက်ဆုံးဝယ်ယူထားသည့် အစီအစဉ်အတွက် ခွဲဝေပေးထားသော မိနစ်များနှင့် SMS တို့ကိုသာ သင်ခံစားခွင့်ရှိပါမည်။
6. သင့်တွင် လက်ကျန်ငွေ မလုံလောက်ကြောင့် သင့်စာရင်းသွင်းမှုကို အလိုအလျောက် ဆက်လက်မလည်ပတ်နိုင်ပါက သင့်စာရင်းသွင်းမှုကို ဆက်လက်လည်ပတ်မည် မဟုတ်ပါ။ အသုံးမပြုထားသော မိနစ်များ သို့မဟုတ် SMS များကို လက်လွှတ်ဆုံးရှုံးရမည် ဖြစ်ပြီး သင်ပြုလုပ်သော မည်သည့်ခေါ်ဆိုမှုမဆို သို့မဟုတ် သင်ပေးပို့သော မည်သည့် SMS မဆိုအတွက် ကျွန်ုပ်တို့၏ ပုံမှန်သတ်မှတ်ထားသော အဖိုးအခများကျသင့်ပါမည်။
7. အစီအစဉ်အများအပြားကို သင်ကြိုက်နှစ်သက်သလောက် စတင် အသုံးပြုနိုင်ပါသည်။ အထက်တွင်ဖော်ပြထားသည့်အတိုင်း အသုံးမပြုရသေးသော မိနစ်များ သို့မဟုတ် SMS များကို အများဆုံး ခွင့်ပြုထားသော ပမာဏအထိ ဆက်လက်သယ်ဆောင်သွားပါမည်။
8. အစီအစဉ်တစ်ခုစီသည် အခြား U မိုဘိုင်းအင်တာနက် ပရိုမိုးရှင်းမှ အခြားအခမဲ့ ဖုန်းခေါ်ဆိုမှုများနှင့် SMS များကို ဦးစားပေးသုံးစွဲသွားမည်ဖြစ်ပြီး အခြား U မိုဘိုင်း ပရိုမိုးရှင်းမှ အခမဲ့ခေါ်ဆိုမှုများနှင့် SMS တို့ကို နောက်မှ သုံးစွဲပါမည်။ အစီအစဉ်အား စတင်အသုံးပြုရန် လုပ်ဆောင်ပေးခကို ခုနှိမ်ရန် ဤအခမဲ့ဖုန်းခေါ်ဆိုမှုများ၊ SMS သို့မဟုတ် ဒေတာတို့ကို အသုံးပြု၍ မရနိုင်ပါ။
9. သင်သည် မည်သည့်အစီအစဉ်အောက်တွင်ဖြစ်စေ ခွဲဝေပေးထားသည့် မိနစ်များ သို့မဟုတ် SMS ထက်ကျော်လွန်နေပါက SMS မှတစ်ဆင့် ကျွန်ုပ်တိုက့ အသိပေးအကြောင်းကြားပါမည် သို့မဟုတ် *118# ကို ခေါ်ဆိုခြင်းဖြင့် သင့်လက်ကျန်ငွေကို အချိန်မရွေးစစ်ဆေးနိုင်ပါသည်။ သို့ရာတွင် သင့်ထံ SMS အသိပေးချက်ပေးပို့ရာတွင် ပျက်ကွက် သို့မဟုတ် နှောင့်နှေးပါက မည်သည့် ပြန်အမ်းငွေ သို့မဟုတ် အခကြေးငွေကိုမဆို သင်ရရှိခံစားနိုင်ခွင့် မရှိပါ။
10. အစီအစဉ်ကို အဆုံးသတ်လိုပါက *118# ၌ UMB မှတစ်ဆင့် သို့မဟုတ် UMI 20 အတွက် "OFF UMI 20"၊ UMI 25 အတွက် "OFF UMI 25" UMI 30 အတွက် "OFF UMI 30"၊ UMI 38 အတွက် "OFF UMI 38" နှင့် UMI 50 အတွက် "OFF UMI 50" ဟူ၍ 28118 သို့ ပေးပို့ခြင်းဖြင့် စာရင်းသွင်းမှုကို ဖြုတ်နိုင်ပါသည်။ အသုံးမပြုထားသော ပေါင်းစည်းဝန်ဆောင်အားလုံးကို လက်လွှတ်ဆုံးရှုံးရပါမည်။ နောက်ပိုင်း ဒေတာသုံးစွဲမှုအတွက် သက်ဆိုင်ရာ ကြိုတင်ငွေပေးချေထားသော နှုန်းထား အစီအစဉ်များအတိုင်း Pay-At-You-Use (သင်အသုံးပြုသည့်အတိုင်း ငွေပေးချေရခြင်း) ကောက်ခံပါမည်။
အသံဝန်ဆောင်မှု
1. အစီအစဉ်တွင် စာရင်းသွင်းခြင်းဖြင့် ဖုန်းလိုင်းလွှဲခြင်းနှင့် 1300 သို့မဟုတ် 1800 နံပါတ်ကဲ့သို့ အထူးနံပါတ်များမှလွဲ၍ (UMI 20 အတွက်) မိနစ် 20 ပြည်တွင်းခေါ်ဆိုမှုများ၊ (UMI 30 အတွက်) မိနစ် 30 စာ ပြည်တွင်းခေါ်ဆိုမှုများ၊ (UMI 38 အတွက်) မိနစ် 150 ပြည်တွင်းခေါ်ဆိုမှုများ၊ (UMI 50 အတွက်) မိနစ် 50 ပြည်တွင်းခေါ်ဆိုမှုများကို ပြုလုပ်နိုင်ပါမည်။ သင်သည် ဤခေါ်ဆိုမှုများထက်ကျော်လွန်၍ ခေါ်ဆိုပါက သင်၏လက်ရှိ စာရင်းသွင်းထားသော နှုန်းထားအစီအစဉ်အရ ပေးဆောင်ရပါမည်။
2. သင့်အတွက် ခွဲဝေပေးထားသော ဖုန်းခေါ်ဆိုမှုအတွက် ကျသင့်ငွေကို သင် ဖုန်းပြောဆိုသည့် ကြာချိန်ပေါ်မူတည်၍ နုတ်ယူပါမည်။ ကွန်ရက်တူနှင့် ကွန်ရက် ပြင်ပ ခေါ်ဆိုမှုနှစ်မျိုးစလုံးကို 30 စက္ကန့်အပေါ် အခြေခံ၍ ကောက်ခံပါမည်။ ကွန်ရက်တူ ဆိုသည်မှာ U မိုဘိုင်းနံပါတ်တစ်ခုမှ အခြား U မိုဘိုင်းနံပါတ်တစ်ခုသို့ ခေါ်ဆိုမှုများကို ဆိုလိုပါသည်။ ကွန်ရက်ပြင်ပဆိုသည်မှာ U မိုဘိုင်းနံပါတ်တစ်ခုမှ အခြားပြည်တွင်း ဖုန်းအော်ပရေတာ၏ နံပါတ်သို့ ခေါ်ဆိုမှုများကို ဆိုလိုပါသည်။ လူများစွာ ပါဝင်ပြောဆိုနိုင်သည့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုပါက သင်၏ စုစုပေါင်း အထွက်ခေါ်ဆိုမှုများကို သင့်အတွက် ခွဲဝေပေးထားသော ခေါ်ဆိုမှုကျသင့်ငွေ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းပါမည်။
ဒေတာ ဝန်ဆောင်မှု
1. အစီအစဉ်အတွင် စာရင်းပေးသွင်းခြင်းဖြင့် သင်သည် အကန့်အသတ်မဲ့ဒေတာဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်သော်လည်း ကျွန်ုပ်တို့၏ မျှတစွာသုံးစွဲမှု မူဝါဒကို ဆက်လက်လိုက်နာရမည်ဖြစ်ပါသည်။ ထို့အပြင် (UMI 20 အတွက်) 500MB၊ (UMI 25 အတွက်) 1GB (UMI 30 အတွက်) 1.5GB၊ (UMI 38 အတွက်) 1GB နှင့် (UMI 50 အတွက်) 3GB (UMI 50 အတွက်) ကို ကျော်လွန်သုံးစွဲပါက စည်းကမ်းချက်များနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့၏ အခွင့်အရေးများကို ကန့်သတ်ခြင်းမရှိဘဲ ကျွန်ုပ်တို့၏ အပြည့်အဝ ဆုံးဖြတ်ပိုင်ခွင့်ဖြင့် သင့်မြန်နှုန်းအား လျှော့ချခြင်း အပါအဝင် ကန့်သတ်ခြင်းမရှိဘဲ သင့်လိုင်းဆွဲအားကို စီမံနိုင်ပါသည်။ အစီအစဉ်ကို ရပ်ဆိုင်း သို့မဟုတ် အဆုံးသတ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ အခြားသူများ၏ အပြုအမူကြောင့် မည်သည့် စာရင်းသွင်းသူမှ နစ်နာစေခြင်း မရှိစေရန် ကျွန်ုပ်တို့၏ စာရင်းသွင်းသူအားလုံးအတွက် အရည်အသွေးပြည့်မီသော မိုဘိုင်းဝန်ဆောင်မှုများကို ပံ့ပိုးရန် ဖြစ်သည်။
2. ဒေတာဝန်ဆောင်မှုသည် ကွန်ရက်ကန့်သတ်ချက်များနှင့် ရရှိနိုင်မှုနှင့် စက်၏ စွမ်းဆောင်နိုင်မှုတို့အရ ပြောင်းလဲပါသည်။
3. အမှန်တကယ်မြန်နှုန်းများသည် ကျွန်ုပ်တို့၏မိုဘိုင်းတာဝါတိုင်မှ သင်၏ အကွာအဝေး၊ သင်ဒေါင်းလုဒ်ဆွဲသည့် ရင်းမြစ်၊ သင်၏ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲနှင့် ယေဘုယျ အင်တာနက် လိုင်းအခြေအနေတို့အပြင် ဖော်ပြမထားသော အခြားအကြောင်းအရာများကြောင့် ကွဲပြားနိုင်ပါသည်။
ဗားရှင်း- 30 ရက်၊ မေလ 2015။
If you require further assistance, you can get in touch with us via the following channels.
MyUMobile App
Reach out to us through the MyUMobile App.
Drop us your message on Messenger.
Tweet us your enquiries and we will get back to you as soon as we can!
{{deviceBrand}}
{{deviceModel}}
{{deviceBrand}}
{{deviceModel}}