
Postpaid Plans
Enjoy up to 1,000GB 5G data with our new U Postpaid plans. Check it out now!
အထွေထွေ
1. ဤပရိုမိုးရှင်းသည် 2017 ခုနှစ် ဖေဖော်ဝါရီလ 17 ရက်နေ့မှစတင်၍ U မိုဘိုင်းကြိုတင်ငွေဖြည့် အစီအစဉ်တွင် စာရင်းသွင်းသူအားလုံးအတွက် ရရှိနိုင်မည် ဖြစ်ကာ U မိုဘိုင်း ကြိုတင်ငွေဖြည့်မှုဆိုင်ရာ စည်းကမ်းချက်များနှင့် အခြေအနေအရ ပံ့ပိုးထားခြင်း ဖြစ်သည်။ သင်သည် သက်ဆိုင်ရာ ဝန်ဆောင်မှုအကြောင်း ရေးသားဖော်ပြချက်၊ ကျွန်ုပ်တို့၏ မျှတစွာ အသုံးပြုမှု မူဝါဒ၊ ကိုယ်ရေးလုံခြုံမှု မူဝါဒနှင့် ဤစည်းကမ်းချက်များနှင့် အခြေအနေများ (စုပေါင်း၍ “စည်းကမ်းချက်များ” ဟု ခေါ်ဆိုမည်) အပါအဝင် ယင်းစည်းကမ်းချက်များနှင့် အခြေအနေကို လိုက်နာရမည် ဖြစ်သည်။
2. ကျွန်ုပ်တို့အနေဖြင့် သင့်အား အသိမပေးဘဲ အခကြေးငွေများအပါအဝင် ဤစည်းကမ်းချက်များကို ပြင်ဆင်မွမ်းမံခွင့် သို့မဟုတ် ပြောင်းလဲခွင့်ကို ထိန်းသိမ်းထားသည်။ ဤစည်ကမ်းချက်သည် သင်နှင့် ကျွန်ုပ်တို့ သဘောတူညီထားသည့် အခြား အပိုင်းများတွင် သင့်အား အသိပေးရန် လိုအပ်သည်ဟူသော အချက်ကို ပယ်ဖျက်လိုက်သည်။
3. သင်သည် အခမဲ့ဖုန်းခေါ်ဆိုခွင့် ကာလအတွင်း ကွန်ရက်တူချင်း ဖုန်းခေါ်ဆိုမှုတစ်ခုကို ပြုလုပ်ပါက၊ သင်၏ ဖုန်းပြောခကို 60 စက္ကန့်ပေါ်တွင် အခြေခံ၍ ဖြတ်တောက်ပါမည်။ “ကွန်ရက်တူချင်း ဖုန်းခေါ်ဆိုမှု” ဆိုသည်မှာ အခြား ဖုန်းလိုင်းကွန်ရက်ကို အသုံးမပြုဘဲ U မိုဘိုင်းကွန်ရက်ကိုသာ သုံးပြီး ဖုန်းခေါ်ဆိုခြင်းကို ဆိုလိုသည်။
4. “အခမဲ့ဖုန်းခေါ်ဆိုမှုများ” သို့မဟုတ် “U မိုဘိုင်းအချင်းချင်း ခေါ်ဆိုမှု” နှင့် ပတ်သက်၍ စည်းကမ်းချက်များနှင့် အခြေအနေများတွင် ပါရှိသော ကိုးကားချက်များဆိုသည်မှာ အောက်ဖော်ပြပါ အချိန်များအတွင်း ပြုလုပ်သော ခေါ်ဆိုမှုများ ဖြစ်သော အခမဲ့ ကွန်ရက်တူဖုန်းခေါ်ဆိုမှုများကို ဆိုလိုသည်။
5. သင်သည် အခြား U မိုဘိုင်း ပရိုမိုးရှင်းများမှ အခမဲ့ဖုန်းခေါ်ဆိုခွင့်များ သို့မဟုတ် SMS ပေးပို့ခွင့်များ ရရှိထားပါက၊ ထိုပရိုမိုးရှင်းများကို အရင်ဆုံး အသုံးပြုပြီး နောက်မှ ဤပရိုမိုးရှင်းတွင်း ပေးထားသော အခမဲ့ဖုန်းခေါ်ဆိုခွင့်များ သို့မဟုတ် အခမဲ့ SMS ပေးပို့ခွင့်များကို အသုံးပြုမည် ဖြစ်သည်။
6. အခမဲ့ဖုန်းခေါ်ဆိုခွင့်အတွက် အများဆုံး ခွင့်ပြုထားသည့် ရက်ပေါင်းသည် 150 ထက် ကျော်လွန်ခြင်း မရှိပါ။
7. သင်သည် အခြား U မိုဘိုင်း ပရိုမိုးရှင်းများမှ အခမဲ့ဖုန်းခေါ်ဆိုခွင့်များ ရရှိထားပါက၊ ထိုပရိုမိုးရှင်းများကို အရင်ဆုံး အသုံးပြုပြီး နောက်မှ ဤပရိုမိုးရှင်းတွင်း ပေးထားသော အခမဲ့ဖုန်းခေါ်ဆိုခွင့်များကို အသုံးပြုမည် ဖြစ်သည်။
8. အကန့်အသတ်မဲ့ ပါဝါ ကြိုတင်ငွေဖြည့် အစီအစဉ်၏ သက်တမ်းသည် ငွေဖြည့်ပြီးချိန်မှစ၍ သုံးစွဲခွင့်သက်တမ်း 10 ရက်ဖြစ်ပြီး အခြားလုပ်ဆောင်ချက်များမှ လွဲ၍ အဝင်ဖုန်းလက်ခံနိုင်သည့် သက်တမ်း ရက် 60 ဖြစ်သည်။ အဝင်ဖုန်းသာ လက်ခံနိုင်သည့် ကာလအတွင်း သင်သည် အင်တာနက်၊ ဖုန်းခေါ်ဆိုမှုများနှင့် SMS ပေးပို့မှုများ အပါအဝင် မည်သည့် ဝန်ဆောင်မှုများကိုမျှ အသုံးမပြုနိုင်သော်လည်း ဖုန်းနှင့် SMS များကို လက်ခံရယူ ဖြေကြားနိုင်ပါသည်။ အဝင်ဖုန်းသာ လက်ခံနိုင်သည့် ကာလအတွင်း ငွေမဖြည့်ပါက နောက်ထပ် သတိပေးမှု မပြုလုပ်ဘဲ သင်၏ အကောင့်ကို အလိုအလျောက် ပိတ်လိုက်မည် ဖြစ်သည်။ သက်တမ်းသည် သင် ငွေဖြည့်သည့် ပမာဏ၏ 1 ဆ ဖြစ်သည်။ သင်၏ အခမဲ့ခေါ်ဆိုခွင့် သက်တမ်းသည် အကြာဆုံး သက်တမ်းဖြစ်သည်။ သို့ရာတွင် သင်၏ နောက်ဆက်တွဲ ငွေဖြည့်လိုက်သည့် ပမာဏ၏သက်တမ်းသည် လက်ရှိသက်တမ်းကုန်ဆုံးရက် ပြည့်သွားပြီးနောက်ပိုင်း သက်တမ်း ကုန်ဆုံးသွားပါက၊ သက်တမ်းကုန်ဆုံးရက်အသစ်သည် ငွေဖြည့်သည့် ရက်မှ စ၍ တွက်ချက်ထားသော ငွေဖြည့်ပမာဏ သက်တမ်းကာလပေါ်တွင် အခြေခံပါမည်။ သို့မဟုတ်ပါက လက်ရှိ သက်တမ်းကုန်ဆုံးရက်သည် အပြောင်းအလဲ ရှိမည် မဟုတ်ပါ။ ဥပမာ သင်သည် 1 (ပထမနေ့) တွင် RM 30 ငွေဖြည့်ပြီး 15 ရက်မြောက်နေ့တွင် နောက်ထပ် RM 10 ငွေဖြည့်ပါက၊ သင်၏ အခမဲ့ခေါ်ဆိုခွင့် သက်တမ်းသည် ရက်ပေါင်း 40 မဟုတ်ဘဲ ရက်ပေါင်း 30 သာ ဖြစ်သည်။ သို့ရာတွင် သင်သည် 1 (ပထမနေ့) တွင် RM30 ငွေဖြည့်ပြီး 25 ရက်မြောက်နေ့တွင် နောက်ထပ် RM 10 ငွေဖြည့်ပါက၊ အခမဲ့ခေါ်ဆိုခွင့်အတွက် ရက်ပေါင်း 35 ရက် ရရှိပါမည်။
9. သင်သည် ပရိုးမိုးရှင်းများနှင့် ဝန်ဆောင်မှုများအားလုံးကို ရယူခံစားခွင့် ရှိရန် ဝန်ဆောင်မှုများ ပေးနေသော ကာလတစ်လျှောက်တွင် သင်၏ အကောင့်ကို သုံးနိုင်မည့် အခြေအနေရှိအောင် အမြဲ ငွေဖြည့်ထားရမည် ဖြစ်သည်။
10. အတိအကျ ဖော်ပြထားခြင်း မရှိပါက ဤပရိုးမိုးရှင်းကို အခြား ဝန်ဆောင်မှုများနှင့် ပေါင်းစပ်အသုံးပြုနိုင်မည် မဟုတ်ပါ။
11. ဤပရိုးမိုးရှင်းကို ကျွန်ုပ်တို့က မရုပ်သိမ်းမချင်း ရရှိနိုင်ပါသည်။
U မိုဘိုင်း အချင်းချင်း အခမဲ့ ခေါ်ဆိုမှုများ
1. သင်သည် RM1 ငွေဖြည့်တိုင်း အချိန်ကန့်သတ်ထားသော ကွန်ရက်တူချင်း ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်နိုင်မည်။
2. အကန့်အသတ်မဲ့ ပါဝါ အစီအစဉ်အတွက် ကွန်ရက်တူချင်း အခမဲ့ ဖုန်းခေါ်ဆိုမှုများကို အချိန်ကန့်သတ်ချက်မရှိဘဲ တစ်နေကုန် အသုံးပြုနိုင်ပါသည်။ အခမဲ့ ကွန်ရက်တူချင်း ဖုန်းခေါ်ဆိုမှု ပမာဏကို အပြည့်အဝ သုံးစွဲပြီးသည်နှင့် သင်သည် နောက်ထပ် ကွန်ရက်တူဖုန်းခေါ်ဆိုမှုများအတွက် 30 စက္ကန့်လျှင် 12 ဆန် နှုန်းထားဖြင့် ပေးရမည်ဖြစ်သည်။
3. တစ်ရက်လျှင်ခေါ်ဆိုနိုင်သော အများဆုံး အခမဲ့ ဖုန်းခေါ်ဆိုခွင့်မှာ 10 မိနစ် ထက် မကျော်လွန်ရပါ။
4. အခမဲ့ ဖုန်းခေါ်ဆိုခွင့်များကို အခြားသူတစ်ဦး၊ အဖွဲ့ သို့မဟုတ် အခြား ကြိုတင်ငွေဖြည့် အကောင့်တစ်ခုသို့ လွှဲပြောင်းပေး၍ မရပါ။
5. အသုံးမပြုလိုက်ရသော အခမဲ့ခေါ်ဆိုခွင့်များနှင့် SMS ပေးပို့မှုများကို နောက်ထပ်ငွေဖြည့်သည့် ပမာဏနှင့် ပေါင်းစပ်အသုံးပြု၍ မရပါ။ နေ့တစ်နေ့တွင် ရရှိခဲ့သော အသုံးမပြုရသေးသည့် အခမဲ့ဖုန်းခေါ်ဆိုခွင့်များကို မနက် 12 နာရီတွင် ပယ်ဖျက်လိုက်မည် ဖြစ်သည်။
6. အခမဲ့ခေါ်ဆိုမှုများကို ပြည်တွင်း (မလေးရှားနိုင်ငံ အတွင်း) တွင်သာ အသုံးပြုနိုင်ပြီး ပြည်ပသို့ ရောက်ရှိနေချိန်တွင် ၎င်းနိုင်ငံရှိ ကွန်ရက်များနှင့် ချိတ်ဆက်အသုံးပြုခြင်းကို ခွင့်မပြုပါ။ ပြည်ပနိုင်ငံရှိ ကွန်ရက်ကို အသုံးပြုပြီး ဖုန်းခေါ်ဆိုမှုများအတွက် လက်ရှိ U မိုဘိုင်း ပြည်ပကွန်ရက် အော်ပရေတာများမှ ကောက်ခံသည့် နှုန်းထားများကို အခြေခံပြီး သင့်ထံမှ ကောက်ခံသွားမည် ဖြစ်သည်။
အစီအစဉ်များ ပြောင်းလဲခြင်း
1. လက်ရှိ U မိုဘိုင်း ကြိုတင်ငွေဖြည့် အစီအစဉ်တွင် စာရင်းသွင်းထားသူများသည် 2017 ခုနှစ် ဖော်ဖော်ဝါရီလ 17 ရက်နေ့မှ စ၍ အကျုံးဝင်သော အကန့်အသတ်မဲ့ ပါဝါ ကြိုတင်ငွေဖြည့် အစီအစဉ်သို့ ပြောင်းလဲနိုင်သည်။
2. အောင်မြင်စွာ ပြောင်းလဲပြီးသည်နှင့် သင်၏ အကောင့်မှ အစီအစဉ်ပြောင်းလဲကြေး RM3 ကို နုတ်ယူမည် ဖြစ်သည်။
3. သို့ရာတွင် သင်သည် အကန့်အသတ်မဲ့ ပါဝါ ကြိုတင်ငွေဖြည့် အစီအစဉ်သို့ ပြောင်းလဲပြီးနောက်တွင်၊ ပါဝါ ကြိုတင်ငွေဖြည့်မှုအစီအစဉ်သို့သာ ပြန်လည် ပြောင်းလဲခွင့် ရှိသည်။
4. အဝင်ဖုန်းကိုသာ လက်ခံနိုင်သည့် ကာလအတွင်း သင်သည် အစီအစဉ်ကို ပြောင်းလဲခွင့် မရှိပါ။ အစီအစဉ် မပြောင်းလဲမီ သင့်အကောင့်ကို ပြန်လည်အသုံးပြုရန် ငွေ ဖြည့်ပါ။
5. သင်၏ လက်ရှိ ပရိုးမိုးရှင်းများ နှင့်/သို့မဟုတ် စာရင်းသွင်းမှုများ အားလုံးသည် အစီအစဉ်ကို အောင်မြင်စွာ ပြောင်းလဲပြီးနောက်ပိုင်းတွင် ပျက်ပြယ်သွားမည်ဖြစ်ပြီး သင်၏ အကောင့်ရှိ ငွေလက်ကျန်ကိုသာ ဆက်လက်အသုံးပြုနိုင်မည် ဖြစ်သည်။
6. အာင်မြင်စွာ ပြောင်းလဲပြီးသည့်နောက်ပိုင်းတွင် မည်သည့် ကြိုတင်ငွေဖြည့်မှု အစီအစဉ်များပင်ဖြစ်စေ ငွေဖြည့်ပြီးချိန်မှစ၍ သုံးစွဲခွင့်သက်တမ်းသည် 10 ရက်ဖြစ်ပြီး အခြားလုပ်ဆောင်ချက်များမှ လွဲ၍ အဝင်ဖုန်းနှင့် စာများလက်ခံနိုင်သည့် သက်တမ်းသည် ရက် 60 ဖြစ်သည်။>
အခမဲ့ အင်တာနက် (စည်းကမ်းချက်များနှင့် အခြေအနေများနှင့် မျှတစွာ အသုံးပြုမှု မူဝါဒ)
1. အခမဲ့ အင်တာနက်ကို ရယူခံစားနိုင်ရန် သင်၏ သင်၏ အကောင့်ကို သုံးနိုင်မည့် အခြေအနေရှိအောင် အမြဲ ငွေဖြည့်ထားရမည် ဖြစ်သည်။
2. အင်တာနက် အခမဲ့သုံးစွဲခွင့်အတွက် ကန့်သတ်ပမာဏကို အခြား ပုဂ္ဂိုလ်၊ အဖွဲ့ သို့မဟုတ် ကြိုတင်ငွေဖြည့် အကောင့်တွင် စာရင်းသွင်းထားသော အခြားသူများထံ လွှဲပြောင်းပေး၍ မရပါ။
3. အသုံးမပြုရသေးသော အခမဲ့ အင်တာနက်ကန့်သတ်ပမာဏကို နောက်ထပ်သက်တမ်းတစ်ခုနှင့် ပေါင်းစပ်၍ အသုံးပြု၍ မရပါ။
4. အခမဲ့အင်တာနက်ကို ပြည်တွင်း (မလေးရှားနိုင်ငံ အတွင်း) တွင်သာ အသုံးပြုနိုင်ပြီး ပြည်ပသို့ ရောက်ရှိနေချိန်တွင် ၎င်းနိုင်ငံရှိ ကွန်ရက်များနှင့် ချိတ်ဆက်အသုံးပြုခြင်းကို ခွင့်မပြုပါ။ ပြည်ပနိုင်ငံရှိ ကွန်ရက်ကို အသုံးပြုပြီး အင်တာနက် သုံးစွဲမှုများအတွက် လက်ရှိ U မိုဘိုင်း ပြည်ပကွန်ရက် အော်ပရေတာများမှ ကောက်ခံသည့် နှုန်းထားများကို အခြေခံပြီး သင့်ထံမှ ကောက်ခံသွားမည် ဖြစ်သည်။
5. အင်တာနက်သုံးစွဲမှု နှင့်/သို့မဟုတ် အင်တာနက် ပမာဏ ဖြတ်တောက်မှုများသည် U မိုဘိုင်း၏ မျှတစွာ သုံးစွဲမှု မူဝါဒ၏ စည်းကမ်းချက်များနှင့် အခြေအနေများအရ ဖြစ်ပါသည်။ U မိုဘိုင်းသည် အင်တာနက် အခမဲ့သုံးစွဲမှုနှင့် အင်တာနက်ပမာဏ အမြန်နှုန်း၊ သင်၏ အင်တာနက် ဝန်ဆောင်မှုအတွက် ထုတ်လွှင့်သော လိုင်းဆွဲအားကို ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်း အပါအဝင် သင့်အတွက် ခွဲဝေပေးထားသော လိုင်းဆွဲအားကို စီမံထိန်းသိမ်းခွင့်ကို U မိုဘိုင်း မျှတစွာ သုံးစွဲမှု မူဝါဒနှင့် အညီ ထိန်းသိမ်းထားသည်။
စတင်အသုံးပြုလိုက်သည်နှင့် အခမဲ့ အင်တာနက်သုံးခွင့်
1. သင်၏ စတင်မှု ပက်ကေ့ခ်ျကို အောင်မြင်စွာ စတင်အသုံးပြုလိုက်သည်နှင့် ချက်ချင်းပင် သင်၏ အကောင့်သို့ အခမဲ့ 200 MB မြန်နှုန်းမြင့် အင်တာနက်ကို ထည့်သွင်းပေးမည် ဖြစ်သည်။
2. စတင်အသုံးပြုနိုင်သည်နှင့် ချက်ချင်းပင် သင်၏ အကောင့်တွင်းသို့ အခမဲ့ 200MB မြန်နှုန်းမြင့် အင်တာနက်ကို ထည့်သွင်းပြီးဖြစ်ကြောင်း SMS တစ်စောင်ကို သင့်အားပေးပို့မည် ဖြစ်သည်။ အခမဲ့ 200MB အင်တာနက်ကို ငွေဖြည့်ပြီးသည့်ရေက်မှ 10 ရက်အတွင်း သုံးစွဲနိုင်သည်။ သက်တမ်း 10 ရက်ကျော်လွန်သွားသည်နှင့် အသုံးမပြုရသေးသော အင်တာနက် ပမာဏများသည် ပျက်ပြယ်သွားမည် ဖြစ်သည်။
3. အခမဲ့ 200MB အင်တာနက်ကို အခြား U မိုဘိုင်း စာရင်းသွင်းထားသူများထံ လွှဲပြောင်းပေး၍ မရပါ။
App-Onz အတွက် အခမဲ့ ကန့်သတ်ချက်မရှိ ဒေတာ
1. App-Onz အတွက် အခမဲ့ ကန့်သတ်ချက်မရှိဒေတာကို ဖေ့ဘွတ်ခ်၊ အင်စတာဂရမ်နှင့် တွစ်တာ လူမှုကွန်ရက် 3 ခုတွင်သာ အသုံးပြုနိုင်သည်။
2. ဖေ့စ်ဘွတ်ခ်မှ မဟုတ်ဘဲ ပြင်ပ လင့်ခ်များ/စာမျက်နှာများသို့ ဝင်ရောက်ကြည့်ရှုခြင်း အားလုံးသည် ဒေတာအစီအစဉ်များ(ရှိပါက) သို့မဟုတ် သာမန် အင်တာနက် အစီအစဉ်မှ ငွေများ ကောက်ခံမည် ဖြစ်သည်။
3. App-Onz အတွက် အခမဲ့ ကန့်သတ်ချက်မရှိ ဒေတာကို အနည်းဆုံး RM10 နှင့် အထက် တစ်ကြိမ် ငွေဖြည့်ပြီးသည်နှင့် ချက်ချင်း သင်၏ အကောင့်သို့ ထည့်သွင်းပေးမည် ဖြစ်သည်။
4. အခမဲ့ အကန့်အသတ်မဲ့ ဒေတာကို အသုံးပြုနိုင်ရန်၊ ဝန်ဆောင်မှုကာလအတွင်း သင်၏အကောင့်ကို အသုံးပြုနိုင်အောင် လုပ်ထားကြောင်း သေချာပါစေ။
5. App-Onz အတွက် အခမဲ့ ကန့်သတ်ချက်မရှိဒေတာကို အခြား U မိုဘိုင်း စာရင်းသွင်းထားသူများသို့ လွှဲပြောင်းပေး၍ မရပါ။
6. နောက်ထပ် အချက်အလက်များအတွက်App-Onz စာမျက်နှာ
အခမဲ့ အခြေခံ အင်တာနက်
1. ငွေဖြည့်ပြီးသည်နှင့် အကန့်အသတ်မဲ့ ပါဝါ ကြိုတင်ငွေဖြည့်မှု စတင်မှု ပက်ကေ့ခ်ျအတွက် အခမဲ့ အင်တာနက် ပါဝင်သည်။
2. သင်၏ အကောင့်ကို ငွေဖြည့်ထားသည့်ကာလပတ်လုံး သင်သည် အခမဲ့ အင်တာနက်ကို ရယူသုံးစွဲနိုင်သည်။ သို့ရာတွင် သင်၏ အကောင့်ကို ငွေဖြည့်ထားခြင်း မရှိပါက၊ သင်၏ အကောင့်တွင် ငွေမဖြည့်မချင်း အခမဲ့ အင်တာနက်ကို အသုံးပြု၍ ရမည် မဟုတ်ပါ။
3. အခမဲ့ သာမန် အင်တာနက် သုံးစွဲမှုအတွက် အများဆုံး 64kbps အမြန်နှုန်းအထိသာ ခွင့်ပြုထားပြီး မျှတစွာ သုံးစွဲမှု မူဝါဒအရ တစ်လလျှင် အများဆုံး 1GB အထိ ကန့်သတ်ထားသည်။
4. အခမဲ့ အခြေခံ အင်တာနက်ကို လတစ်လ၏ 1 (ပထမဆုံးရက်) တွင် အစမှ ပြန်သတ်မှတ်မည် ဖြစ်ပြီး အင်တာနက် ကန့်သတ် ပမာဏအသစ်ကို သင်၏ အကောင့်သို့ ထည့်သွင်းပေးမည် ဖြစ်သည်။
ဗားရှင်း ရက်စွဲ- 17-02-2017
If you require further assistance, you can get in touch with us via the following channels.
MyUMobile App
Reach out to us through the MyUMobile App.
Drop us your message on Messenger.
Tweet us your enquiries and we will get back to you as soon as we can!
{{deviceBrand}}
{{deviceModel}}
{{deviceBrand}}
{{deviceModel}}